သက်တမ်းလွန် စားသောက်ကုန်

April 4, 2018

ဂန့်ဂေါခရိုင်တွင် သက်တမ်းလွန် စားသောက်ကုန်များ မီးရှို့ဖျက်ဆီး

သက်တမ်းလွန် စားသောက်ကုန်တွေ မီးရှို့ဖျက်ဆီးပွဲကို ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ရေမျက်နီရွာ အ.ထ.က ကျောင်းဝင်းနဲ့ ပုံ​တောင်​ပုံညာ​တောင်​ကြားက ကျောမြို့ အ.ထ.က ကျောင်းဝင်းတို့မှာ  မနေ့က ပြုလုပ်ခဲ့ပါတယ်​။ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနဲ့ပူးပေါင်းအဖွဲ့က မတ် ၁၀ ရက်က သိမ်းဆည်းခဲ့တဲ့ ရေမျက်နီကျေးရွာရှိ ဆိုင် ၁၉ ဆိုင်မှ ငွေကျပ် ၂ သိန်းခွဲကျော်တန်ဖိုးရှိ သက်တမ်းလွန် စားသောက်ကုန်တွေနဲ့ ကျောမြို့ရှိ ဆိုင်၁၄ ဆိုင်မှ ငွေကျပ် ၂သိန်းလောက်တန်ဖိုးရှိ သက်တမ်းလွန် စားသောက်ကုန်တွေကို ဖျက်ဆီးခဲ့တာလို့ သက်​ဆိုင်ရာက ရှင်းပြပါတယ်​။ မီးရှို့ဖျက်ဆီးပွဲကို ခရိုင်အုပ်ချုပ်ရေး၊ရဲနဲ့ မီးသတ်တပ်ဖွဲ့အပါအ၀င် ဌာနဆိုင်ရာတွေ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်တွေ၊ ကျောင်းသား၊ ကျောင်းသူတွေတက်ရောက်ပြီး အချိုရည်ဘူးတွေကို ဖောက်ထုတ်ကာ တခြားစားသောက်ကုန်တွေကိုလည်း မီးရှို့ ဖျက်ဆီးကြပါတယ်​။ ရေမျက်နီကျေးရွာသား ဦးဖေဝင်းက “စားသုံးသူရေးရာဦးစီးဌာနက ကျေးရွာတွေအရောက် ကွင်းဆင်းပြီး စားသောက်ကုန် လုံခြုံစိတ်ချရေး ဟောပြောပွဲတွေ ဆောင်ရွက်ပေးတော့ ပြည်သူတွေ စားသောက်ကုန်နဲ့ ပတ်သက်တဲ့ အသိပညာ​တွေရတယ်​​”လို့  ပြောပါတယ်​။ သိမ်းဆည်း ဖျက်ဆီးခဲ့တဲ့ စားသောက်ကုန်အများစုမှာ အချိုရည်ဘူးတွေ၊ မာလာဟင်းသုံး ပစ္စည်းတွေ၊ တုတ်ထိုးချိုချဉ်တွေ အများစု ပါဝင်တယ်လို့ သိရပါတယ်။ သတင်း -​ ယောသား​လေး
3 years Ago
Up