သက်တမ်းထပ်တိုး

August 10, 2017

ဘူးသီးတောင်နှင့် မောင်တောတွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ၂ လ သက်တမ်းထပ်တိုး

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာ ၂၀၁၆ အောက်တိုဘာလ ကတည်းက ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ဩဂုတ် ၉ ရက်နေ့မှာ နောက်ထပ် ၂ လ သက်တမ်းတိုးထုတ်ပြန်လိုက်ပါတယ်။ မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြဝင်းက “ဒီအမိန့်ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ မြို့နယ်အုပ်ချုပ်ရေးမှူးက လက်မှတ်ရေးထိုးထုတ်ပြန်ရပါတယ်။ ဒီနေ့ပဲ မြို့နယ်အုပ်ချုပ်ရေးမှူးက အမိန့်ကြေညာပါတယ်ခင်ဗျ။ နောက်ထပ် ၂ လ သက်တမ်းတိုးတာပေါ့။” လို့ဒီဗွီဘီကို ပြောပါတယ်။ မောင်တောမြို့နယ်မှာ ည ၉ နာရီက နောက်နေ့ မနက် ၅ နာရီအထိနဲ့ ဘူးသီးတောင် မြို့နယ်မှာ ည ၁၀ နာရီက နောက်တနေ့ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အများပြည်သူ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ကြိုးပမ်းတဲ့ ဖြစ်စဉ်တွေကြောင့် တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တို့က ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်ဖို့ လိုအပ်နေသေးတဲ့အတွက် ထုတ်ပြန်လိုက်တာလို့ဆိုပါတယ်။ မြို့နယ်အတွင်း လမ်းမကြီးတွေ၊ အများပြည်သူ သွားရာလမ်းတွေ၊ လမ်းမကြီးလမ်းသွယ်၊ လမ်းကြား၊ ဥယာဉ် (သို့မဟုတ်) အများပြည်သူနဲ့ဆိုင်တဲ့ ဗလီကျောင်းနေရာတွေမှာ  ၅ ဦး သို့မဟုတ် (၅)ဦးထက်ပိုပြီး လူမစုဖို့နဲ့ သတ်မှတ်အချိန်အတွင်း ညမထွက်ဖို့ အသိပေးကြေညာ ထားပါတယ်။ မေယုတောင်တန်းမှာ အကြမ်းဖက်သမားတွေ ခိုအောင်းနေတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ဇွန်လအတွင်းကလဲ လိုဏ်ခေါင်းတူးထားတဲ့ အကြမ်းဖက်သင်တန်း စခန်းတခုနဲ့ အကြမ်းဖက်သမား ၂ ဦးကို အသေမိခဲ့ပါတယ်။ ဩဂုတ် ၃ ရက်နေ့မှာ မောင်တောမြို့နယ် ကိုင်းကြီးမြိုရွာက ရွာသား ၇ယောက် သတ်ဖြတ်ခံခဲ့ရပြီးနောက်  လုံခြုံရေးအခြေအနေ ပိုလို့စိုးရိမ်လာရတာကြောင့် ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ သတင်း၊ဓာတ်ပုံ-ကိုအောင်  
4 years Ago
Up