‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

December 26, 2020

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ၂ တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၇ ဦးရှိလာ

ရှမ်းပြည်နယ်အရှေ့ပိုင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ၂ မှာ ဒီဇင်ဘာ ၂၅ ရက်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၂၇ ယောက်ရှိပြီလို့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။  ဝ အထူးဒေသ ၂ မှာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ လူပေါင်း ၄,၀၆၃ ယောက်ကို ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးတဲ့အခါမှာ မိုင်းပေါက်ခရိုင်က ၁၈ ယောက်နဲ့ UWSA ဌာနချုပ်ရှိတဲ့ ပန်ဆန်းက ၉ ယောက် ရောဂါပိုးတွေ့ရှိထားတယ်လို့ ဦးညီရမ်းက ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ပြောကြားထားတာပါ။ လက်ရှိမှာတော့ ဝ ဒေသအတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေက ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ ဆေးဝါးတွေ၊ အသုံးဆောင်ပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေကို ကူညီထောက်ပံ့ပေးထားပါတယ်။  “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ၂ မှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူတော့ မရှိသေးဘူးလို့  သိရပါတယ်။
11 months Ago

September 3, 2020

ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြင်းထန်လာသဖြင့် ‘ဝ’  ဒေသသို့ လာရောက်သူများကို ပိတ်ပင်

‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ  တခြားဒေသတွေက လာရောက်သူတွေကို စက်တင်ဘာ ၁ ရက်နေ့ကတည်းက  ဝင်ရောက်ခွင့်မပြုတော့ဘူးလို့ UWSA ရဲ့ ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။  ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းအပါအဝင် မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အခြေအနေ ပြင်းထန်လာတဲ့ အပေါ်မူတည်ပြီး အခုလို ဆောင်ရွက်ထားတာလို့ ဆိုပါတယ်။  ရောဂါအခြေအနေတွေပေါ်မူတည်ပြီး သတ်မှတ်ချက်တွေကိုတော့ ပြန်လည်ပြင်ဆင်သွားမယ် လို့ သိရပါတယ်။ အခုလို ဒေသကို လာရောက်ခွင့်ပိတ်ပင်ထားပေမယ့် ကုန်စည်အဝင်အထွက်ကတော့ ရှိနေတယ်လို့ ဦးညီရမ်းက ပြောပါတယ်။  ဒေသတွင်း ရောဂါကူးစက်မှု မပြန့်ပွားအောင် အဝင်အထွက်ဂိတ်တွေမှာ စစ်ဆေးကြပ်မတ်မှု တွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။  သတင်း - နန်းစံပယ်
1 year Ago
Up