ဝဲလ်ဘက်

August 29, 2019

ဝဲလ်ဘက် အကောင်းဆုံးခြေစွမ်းရရန် အချိန်ယူရမည်ဟု ဝက်ဖို့ဒ်နည်းပြ ပြော

တိုက်စစ်မှူး ဒယ်နီဝဲလ်ဘက်ဟာ အကောင်းဆုံးခြေစွမ်းရဖို့ အချိန်ယူရဦးမယ်လို့ ဝက်ဖို့ဒ်နည်းပြ ဂျာဗီဂါစီယာက ပြောပါတယ်။ အင်္ဂလန်တိုက်စစ်မှူးဝဲလ်ဘက်ဟာ အာဆင်နယ်အသင်းမှာကစားစဉ်က ခြေကျင်းဝတ်ရိုး ကျိူးတဲ့ ဒဏ်ရာရခဲ့တာ‌ကြောင့် ၁၀ လလောက် အနားယူခဲ့ရတာဖြစ်ပါတယ်။ အခုနှစ် အပြောင်းအရွှေ့မှာတော့ ဝက်ဖို့ဒ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဝဲလ်ဘက်ဟာ မနေ့က ကစားသွားခဲ့တဲ့ EFL ပွဲစဉ်မှာ ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့်ရခဲ့ပြီး ပွဲချိန်ပြည့် ကစားသွားခဲ့တာပါ။ ဝဲလ်ဘက်အနေနဲ့ ပွဲမကစားရတာ ကြာမြင့်ခဲ့ပြီဖြစ်လို့ သူ့ရဲ့ အကောင်းဆုံးပုံစံကို မြင်တွေရဖို့ အချိန်လိုအပ်တယ်လို့ ဝက်ဖို့ဒ်နည်းပြဆိုပါတယ်။ အသက် ၂၈ နှစ်ရှိ မန်ယူနဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်း ဝဲလ်ဘက်ဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ် ၈ ပွဲ ပဲကစားခွင့်ရခဲ့ပါတယ်။
ဝဲလ္ဘက္ အေကာင္းဆုံးေျခစြမ္းရရန္ အခ်ိန္ယူရမည္ဟု ဝက္ဖို႔ဒ္နည္းျပ ေျပာ DVB တိုက္စစ္မႉး ဒယ္နီဝဲလ္ဘက္ဟာ အေကာင္းဆုံးေျခစြမ္းရဖို႔ အခ်ိန္ယူရဦးမယ္လို႔ ဝက္ဖို႔ဒ္နည္းျပ ဂ်ာဗီဂါစီယာက ေျပာပါတယ္။ အဂၤလန္တိုက္စစ္မႉးဝဲလ္ဘက္ဟာ အာဆင္နယ္အသင္းမွာကစားစဥ္က ေျခက်င္းဝတ္႐ိုး က်ိဴးတဲ့ ဒဏ္ရာရခဲ့တာ‌ေၾကာင့္ ၁၀ လေလာက္ အနားယူခဲ့ရတာျဖစ္ပါတယ္။ အခုႏွစ္ အေျပာင္းအေ႐ႊ႕မွာေတာ့ ဝက္ဖို႔ဒ္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ ဝဲလ္ဘက္ဟာ မေန႔က ကစားသြားခဲ့တဲ့ EFL ပြဲစဥ္မွာ ပထမဆုံးအႀကိမ္ ပြဲထြက္ကစားခြင့္ရခဲ့ၿပီး ပြဲခ်ိန္ျပည့္ ကစားသြားခဲ့တာပါ။ ဝဲလ္ဘက္အေနနဲ႔ ပြဲမကစားရတာ ၾကာျမင့္ခဲ့ၿပီျဖစ္လို႔ သူ႔ရဲ႕ အေကာင္းဆုံးပုံစံကို ျမင္ေတြရဖို႔ အခ်ိန္လိုအပ္တယ္လို႔ ဝက္ဖို႔ဒ္နည္းျပဆိုပါတယ္။ အသက္ ၂၈ ႏွစ္ရွိ မန္ယူနဲ႔ အာဆင္နယ္တိုက္စစ္မႉးေဟာင္း ဝဲလ္ဘက္ဟာ ၿပီးခဲ့တဲ့ရာသီက အာဆင္နယ္အသင္းမွာ ပရီးမီးယားလိဂ္ ၈ ပြဲ ပဲကစားခြင့္ရခဲ့ပါတယ္။
2 years Ago
Up