ဝဲလ်ဘက်

May 27, 2019

တိုက်စစ်မှူး ဝဲလ်ဘက်ကို ခေါ်ယူရန် ပရီးမီးယားလိဂ်အသင်းများ စိတ်ဝင်စား

အာဆင်နယ်တိုက်စစ်မှူး ဝဲလ်ဘက်ကို ခေါ်ယူဖို့ ကလပ်​အသင်း အ​တော်များများက စိတ်​ဝင်​စား​နေပါတယ်။ ဒန်နီဝဲလ်ဘက်ဟာ ဒဏ်ရာကနေ ပြန်သက်သာလာတာကြောင့် အာဆင်နယ်အသင်းရဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ ကစားမယ့်စာရင်းမှာ ပါဝင်နေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ခြေချင်းဝတ်ဒဏ်ရာ ခွဲစိတ်ကုသခဲ့ရလို့ အနားယူနေရတဲ့ ဝဲလ်ဘက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲပဲ ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာပြီဖြစ်တဲ့ ဝဲလ်ဘက်ကို အီတလီကလပ် လာဇီယိုအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပရီးမီးယားလိဂ်အသင်း အများအပြားကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။ အသက် ၂၈ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူး ဝဲလ်ဘက်ကို အဲဗာတန်အသင်းက တပတ်လုပ်ခ ပေါင်တသိန်းပေးပြီး ကမ်းလှမ်းဖို့ ပြင်ဆင်နေသလို နယူးကာဆယ်၊ ဝက်စ်ဟမ်း အသင်းတွေကလည်း ခေါ်ယူဖို့ ပစ်မှတ်ထား စောင့်ကြည့်နေကြပါတယ်။ ဝဲလ်ဘက်ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမှာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က မန်ယူနိုက်တက်အသင်းကနေ ပြောင်းရွှေ့လာတဲ့ တိုက်စစ်မှူး ဝဲလ်ဘက်ဟာ အခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ်အသင်းအတွက် ၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှုတကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
2 years Ago

January 20, 2019

အာဆင်နယ် တိုက်စစ်မှူး ဝဲလ်ဘက် ဒဏ်ရာသက်သာ၍ လေ့ကျင့်ခန်း ပြုလုပ်

ပြီးခဲ့တဲ့ နိုဝင်လဘာလက စပိုးတင်းလစ္စဘွန်းအသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး ဒန်နီဝဲလ်ဘတ်ဟာ ဒဏ်ရာကနေ သက်သာလာပြီး အသင်းရဲ့ Gym လေ့ကျင့်ရေးပြုလုပ်တဲ့အချိန်မှာ ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။ ဝဲလ်ဘတ်ဟာ အာဆင်နယ်အသင်းရဲ့ လန်ဒန်ကိုလ်နီ လေ့ကျင့်ရေးကွင်းက ဂျင်မ်ခန်းမမှာ ကြံ့ခိုင်ရေးနည်းပြတွေနဲ့ တဦးတည်း လေ့ကျင့်ခန်းပြုလုပ်နေတာ ဖြစ်ပါတယ်။ ဝဲလ်ဘတ်ဟာ အခုရာသီ ပြိုင်ပွဲစုံ ၁၄ ပွဲကစားပြီး ၅ ဂိုးသွင်းယူပေးထားလို့ အသင်းရဲ့ မရှိမဖြစ်လိုအပ်တဲ့ ကစားသမားတစ်ဦး ဖြစ်တာကြောင့် နည်းပြ အူနိုင်းအန်မရီအနေနဲ့လည်း ဝဲလ်ဘတ် အလျင်အမြန်ပြန်ကောင်းလာဖို့ မျှော်လင့်နေပါတယ်။ ဝဲလ်ဘတ်ဟာ အာဆင်နယ်တိုက်စစ်မှာ တာဝန်ယူထားတဲ့ အူဘာမီယန်းနဲ့ လာကာဇက်အတွဲ အနားပေးချိန်မှာ အသုံးပြုနိုင်ဖို့ အသင့်ပြင်ဆင်ထားလေ့ရှိတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဝဲလ်ဘတ် အာဆင်နယ်အသင်းကို ရောက်ရှိလာချိန်ကစပြီးတော့ ၁၂၆ ပွဲကစားပြီး ၃၂ ဂိုး သွင်းယူပေးထားခဲ့ပါတယ်။
2 years Ago
More News
Up