ဝဲလ်တာဝိတ်ချန်ပီယံ

March 18, 2019

ဝဲလ်တာဝိတ်ချန်ပီယံက ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုကို စိန်ခေါ်

မစ်ကီဂါစီယာကို ဝဲလ်တာဝိတ်ချန်ပီယံကာကွယ်ပွဲမှာ အနိုင်ရရှိပြီး ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တဲ့ အာရိုးလ်စပန့်ဟာ ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီပက်ကွီအိုကို  စိန်ခေါ်လိုက်ပါတယ်။ ပက်ကွီအိုကလည်း ချက်ချင်းဆိုသလို ဘာ့ကြောင့် မဖြစ်နိုင်ရမှာလဲလို့ ပြန်လည်တုံ့ပြန်ခဲ့ပြီး ပရိသတ်တွေအတွက် အကောင်းဆုံးပွဲဖြစ်ရမယ်လို့ ပြောပါတယ်။ စပန့်စ်ဟာ ပရော်ဖက်ရှင်နယ် ၂၅ ပွဲ ထိုးသတ်ထားပြီး ရှုံးပွဲ လုံးဝမရှိသေးပါဘူး။ အသက် ၄၀ အရွယ် ပက်ကွီအိုကိုတော့ ဂန္ထဝင်တယောက်အနေနဲ့ လေးစားမှုနဲ့ စိန်ခေါ်တာလို့ ပြောပါတယ်။ ပက်ကွီအိုဟာ သြစတြေးလျလက်ဝှေ့သမား ဂျက်ဖ်ဟွန်းကို ရှုံးနိမ့်ခဲ့တဲ့နောက်ပိုင်းမှာ အနားယူခဲ့ပြီး အခုပွဲဟာ သူ့အတွက် ပြန်လည်ထိုးသတ်မယ့် ပထမဆုံးပွဲ ဖြစ်လာမှာပါ။
2 years Ago
Up