ဝေးလ်စ်နယ်သား

A d v e r t i s e m e n t With Us

March 14, 2020

ဝူဟန်တွင် ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်ကောင်းလာသူ ဝေးလ်စ်နယ်သား၏ အတွေ့အကြုံ

တရုတ်ပြည်ဝူဟန်မှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားတုန်းက ဝေးလ်စ်နယ်သားတဦးဟာ ရောဂါဒဏ်ကို အလူးအလဲခံခဲ့ရပြီးနောက် အခုတော့ ပြန်ကောင်းလာခဲ့ပါတယ်။  အသက် ၂၅ နှစ်အရွယ် ကော်နာရိဒ် ဆိုသူ အဲဒီအမျိုးသားဟာ ဝူဟန်မှာ အလုပ်လုပ်နေစဉ် ၂၀၁၉ နှစ်ကုန်ပိုင်းမှာ ပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေထဲ တဦးအပါအဝင်ဖြစ်ခဲ့တာပါ။  သူဟာ ရောဂါကြောင့်တလလောက် အိပ်ရာထဲ လဲခဲ့ပြီးနောက် ပြန်လည်သက်သာလာခဲ့သူပါ။  ရိဒ်ဟာ ရောဂါဖြစ်စမှာ အအေးမိတဲ့လက္ခဏာမျိုးတွေ ဖြစ်ခဲ့ပြီး အပြင်းအထန် ဖျားကာ၊ နောက်ပိုင်းမှာ အဆုတ်အအေးမိလက္ခဏာတွေ ထပ်ပေါ်လာပြီး ဆေးရုံတင်လိုက်ရတာ ဖြစ်ပါတယ်။  “အအေးမိတာက နှာခေါင်းပိတ်တယ်၊ ချောင်းဆိုးတယ်။ အရမ်းကြီးတော့ မဆိုးခဲ့ဘူး။နောက် ကျနော် တုပ်ကွေးလက္ခဏာတွေ စခံစားရတော့ ထရပ်ကားတစီးနဲ့ တိုက်မိထားသလို ခံစားရတယ်။ တော်တော်လေး အားယုတ်သွားပေမယ့် အသက်အန္တရာယ်ဖြစ်လောက်အောင်တော့ မဟုတ်ခဲ့ဘူး။ ဒီနောက် အဆုတ်အအေးမိတဲ့အဆင့် ရောက်လာတော့ တော်တော်အခြေအနေဆိုးလာတယ်။ ကျနော့်အဆုတ်ရဲ့စွမ်းဆောင်ရည်တဝက်လောက်ကိုပဲ သုံးနိုင်သလို ဖြစ်လာတယ်။ အသက်ရှူလိုက်တိုင်း လေမလုံလောက်သလို ဖြစ်ခဲ့တယ်”လို့ ကော်နာရိဒ်က ပြောခဲ့ပါတယ်။   သူ ရောဂါစဖြစ်လို့ ဆေးရုံတင်ရတော့ ဗိုင်းရပ်စ်အသစ်ကြောင့်ဖြစ်မှန်း ဆရာဝန်တွေတောင် သတိမပြုမိသေးဘဲ ဒီဇင်ဘာလကုန်ပိုင်းမှ ကိုရိုနာဗိုင်းရပ်စ်လို့ အတည်ပြုသတ်မှတ်နိုင်တာပါ။ စက္ကူအိတ်တခုထဲကနေ အသက်ရှူသလို ခံစားနေခဲ့ရပြီး အဆုတ်ထဲမှာလည်း မရွှေ့နိုင်တဲ့အရာ တခုရှိနေသလို ခံစားခဲ့ရတယ်လို့ ရိဒ်က ဆိုပါတယ်။ ရိဒ်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့မှာ နောက်ဆုံးပိတ်အားထားရာကတော့ သီးခြားခွဲ ထုတ်ပြီး ကုသတာသာဖြစ်ကြောင်းလည်း ပြောပါတယ်။  “တခြားအစိုးရတွေလည်း ဒီကိစ္စကနေ သင်ခန်းစာယူနိုင်မှာပါ။ လူတွေလည်းပဲ တဦးချင်း အလိုက် ကိုယ့်ဘာသာ စီမံခန့်ခွဲပြီး ကြိုတင်သတိပြုသင့်ပါတယ်။သူတို့ဟာ အစိုးရကိုချည်း အများကြီး မှီခိုလို့မရနိုင်ပါဘူး”လို့ ကော်နာရိဒ်က ပြောခဲ့ပါတယ်။  
12 months Ago
Up