ဝေါလ်မတ်စတိုးဆိုင်

November 19, 2019

အိုကလာဟိုးမားပြည်နယ်က ဝေါလ်မတ်စတိုးဆိုင်တွင် လူ ၃ ဦး ပစ်သတ်ခံရ

အမေရိကန်ပြည်ထောင်စု၊ အိုကလာဟိုးမားပြည်နယ်က ဝေါလ်မတ်စတိုးဆိုင်မှာ နိုဝင်ဘာ ၁၈ ရက်က ပစ်ခတ်တိုက်ခိုက်မှုအတွင်း လူ ၃ ဦး ပစ်သတ်ခံရတယ်လို့ အိုကလာဟိုးမား အဝေးပြေး ကင်းအဖွဲ့က ပြောပါတယ်။  ဒါဟာ အမေရိကန်နိုင်ငံအတွင်း လူသေဆုံးတဲ့ ပစ်ခတ်မှုတွေ ဆက်တိုက် ဖြစ်နေတဲ့အထဲက နောက်ဆုံး ဖြစ်ရပ်ပါ။ ပစ်ခတ်မှုကြောင့် လူ ၃ ယောက်သေဆုံးကြောင်း လော်တွန်မြို့က ကင်းအဖွဲ့ရုံး ပြောခွင့်ရက အတည်ပြုပါတယ်။ ပစ်ခတ်သူ ဘယ်သူဘယ်ဝါ ဆိုတာ အပါအဝင် တခြား အသေးစိတ် အချက်အလက်တွေကို မပြောပါဘူး။ နောက်ထပ် ဒဏ်ရာရသူ ဓားစာခံ ရှိသေးလားဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ပစ်ခတ်သူ သေဆုံးပြီလို့ ရဲသတင်းရင်းမြစ်ကို ကိုးကားပြီး သည်ဒန်ကန်ဘန်နာ သတင်းစာက ပြောပါတယ်။ အခင်းဖြစ်ပွားရာ ဒန်ကန်မြို့ဟာ အိုကလာဟိုးမားမြို့ တောင်ပိုင်း မိုင် ၈၀ အကွာက လူ ၂၂၀၀၀လောက် နေတဲ့ မြို့သေးသေးလေးပါ။ သြဂုတ်လကလည်း တက္ကစက်ပြည်နယ်  အယ်လ်ပါဆိုမြို့က ဝေါလ်မတ်ဆိုင်ထဲမှာ အမျိုးသား တယောက်ရဲ့ ပစ်ခတ်မှုကြောင့် လူ ၂၂ ယောက် သေဆုံးပြီး ၂၆ ယောက် ဒဏ်ရာရပါတယ်။ သူဟာ မက္ကစီကန်လူမျိုးတွေကို ပစ်မှတ်ထားတယ်လို့ စွပ်စွဲခံထားရပြီး ပစ်ခတ်သူကတော့ အပြစ်ရှိကြောင်း ဝန်မခံခဲ့ပါဘူး။
2 years Ago
Up