ဝေါလ်စထရိ

A d v e r t i s e m e n t With Us

March 10, 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် စီးပွားရေး၊ စတော့ရှယ်ယာ တန်ဖိုးများ ကျဆင်း

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ မတ်လ ၁၀ ရက် မနက် ၁၀ နာရီထိ အတည်ပြုချက်အရ ကမ္ဘာ့နိုင်ငံနဲ့ ဒေသပေါင်း ၁၁၅ နိုင်ငံထိ ပြန့်ပွားခဲ့လို့ ခရီးသွားလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ငန်းတွေကိုပါ ထိခိုက်ခဲ့သလို စတော့ရှယ်ယာတွေနဲ့ ငွေချေးစာချုပ်တွေရဲ့ တန်ဖိုးတွေ ကျဆင်းခဲ့ပါတယ်။ အာရှ ရှယ်ယာတွေကတော့ တန်ဖိုးပြန်တက်လာခဲ့ပေမယ့် ငွေချေးစာချုပ်တွေကတော့ သမိုင်းတွင်အောင် တန်ဖိုး ကျဆင်းခဲ့တာပါ။ ဂျပန်ရဲ့ နစ်ခေးအိ ရှယ်ယာဈေးနှုန်းဟာ ၁ ဒသမ ၁၄ ရာခိုင်နှုန်း ကျဆင်းပြီး 19,474.89 အမှတ်နဲ့ ဈေးကွက်စဖွင့်ခဲ့ပါတယ်။  TOPIX ကတော့ ၁ ဒသမ ၂၄ ရာခိုင်နှုန်း ကျဆင်းခဲ့တာပါ။ ဟောင်ကောင်ရဲ့ ဟန်ဆန်ညွှန်းကိန်းက ဝ ဒသမ ၉ ရာခိုင်နှုန်း ပြန်တက်ခဲ့ပါတယ်။  တောင်ကိုရီးယားနိုင်ငံမှာ Korea Composite စတော့ဈေးနှုန်း ညွှန်းကိန်းက ဝ ဒသမ ၅၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ရှန်ဟိုင်း ကွန်ပိုစစ် ညွှန်းကိန်းကတော့ ၃ ရာခိုင်နှုန်း ကျဆင်းပြီး CSI300 ညွှန်းကိန်းက ၃ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။  အမေရိကန်နိုင်ငံက ဝေါလ်စထရိ စတော့အတွက်ကတော့ မတ် ၉ ရက်ဟာ ၂၀၀၈ ဘဏ္ဍာရေးအကျပ်အတည်းနောက်ပိုင်း တရက်အတွင်း ဆုံးရှုံးမှုအကြီးဆုံး စံချိန်တင်ခဲ့ပါတယ်။ ရေနံဈေးနှုန်း ဇောက်ထိုးကျဆင်းခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို စိုးရိမ်တာတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေ ထိတ်လန့်နေတယ်လို့ ရိုက်တာ သတင်းဌာနက အစီရင်ခံပါတယ်။ ဒေါင်းဂျုံးစ် စက်မှုလုပ်ငန်းရဲ့ ရှယ်ယာတွေ ၇ ဒသမ ၇၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး S&P 500 ရဲ့ ရှယ်ယာတန်ဖိုးက ၇ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့တာပါ။ နက်စ်ဒက်ခ် ကွန်ပိုစစ်ကတော့ ၇ ဒသမ ၂၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
12 months Ago
Up