ဝေါမြို့နယ်တွင် ရေကြီးမှုကြောင့် လူပေါင်း ၂၀၀၀ ကျော်ကို အရေးပေါ်ပြောင်းရွှေ့

August 12, 2019

ဝေါမြို့နယ်တွင် ရေကြီးမှုကြောင့် လူပေါင်း ၂၀၀၀ ကျော်ကို အရေးပေါ်ပြောင်းရွှေ့ 

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းတဲ့အတွက် မြို့ပေါ်ရပ်ကွက် ၅ ခု နဲ့ ကျေးရွာ ၉ ရွာမှာ ရေကြီးနစ်မြုပ်နေပါတယ်။ ‌ဝေါမြို့ပေါ်ရပ်ကွက် ၅ ခု နဲ့ ကျေးရွာ ၉ ရွာတို့က အိမ်ခြေပေါင်း ၄၇၉ အိမ်မှာ ရေကြီးနစ်မြုပ်တာတွေ ဖြစ်ပေါ်နေတဲ့အတွက် လူဦးရေပေါင်း ၂၂၃၂ ဦးကို ကယ်ဆယ်ရေးစခန်း ၄ ခုဖွင့်လှစ်ကာ အရေးပေါ်ပြောင်းရွှေ့ပေးထားတယ်လို့ ဝေါမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်က ပြောပါတယ်။ ဩဂုတ် ၁၀ ရက်နေ့ကစပြီး ၁၁ ရက်အထိ နှစ်ရက်ဆက်တိုက်ရွာလိုက်တဲ့မိုးကြောင့် ခုလို ဝေါမြို့နယ်က အနိမ့်ပိုင်းကျေးရွာတွေနဲ့ရပ်ကွက်တွေထဲ ရေဝင်သွားတာပါ။  ရေကြီးမှုကြောင့် စာသင်ကျောင်း ၁၇ ကျောင်းကိုလည်း ယာယီ ပိတ်ထားရသလို ကျွဲနွားတွေကိုလည်း တာဘောင်တွေမှာ ချည်ထားရပါတယ်။ လယ်တွေကတော့ ဘယ်လောက်ထိပျက်စီးမယ်ဆိုတာ မသိရသေးပါဘူး။  သတင်း- အောင်စိုးမိုး
ေဝါၿမိဳ႕နယ္တြင္ ေရႀကီးမႈေၾကာင့္ လူေပါင္း ၂၀၀၀ ေက်ာ္ကို အေရးေပၚေျပာင္းေ႐ႊ႕ DVB ပဲခူးတိုင္းေဒသႀကီး၊ ေဝါၿမိဳ႕နယ္မွာ မိုးအဆက္မျပတ္႐ြာသြန္းတဲ့အတြက္ ၿမိဳ႕ေပၚရပ္ကြက္ ၅ ခု နဲ႔ ေက်း႐ြာ ၉ ႐ြာမွာ ေရႀကီးနစ္ျမဳပ္ေနပါတယ္။ ‌ေဝါၿမိဳ႕ေပၚရပ္ကြက္ ၅ ခု နဲ႔ ေက်း႐ြာ ၉ ႐ြာတို႔က အိမ္ေျခေပါင္း ၄၇၉ အိမ္မွာ ေရႀကီးနစ္ျမဳပ္တာေတြ ျဖစ္ေပၚေနတဲ့အတြက္ လူဦးေရေပါင္း ၂၂၃၂ ဦးကို ကယ္ဆယ္ေရးစခန္း ၄ ခုဖြင့္လွစ္ကာ အေရးေပၚေျပာင္းေ႐ႊ႕ေပးထားတယ္လို႔ ေဝါၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ ၁ က လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚရီရီထိုက္က ေျပာပါတယ္။ ဩဂုတ္ ၁၀ ရက္ေန႔ကစၿပီး ၁၁ ရက္အထိ ႏွစ္ရက္ဆက္တိုက္႐ြာလိုက္တဲ့မိုးေၾကာင့္ ခုလို ေဝါၿမိဳ႕နယ္က အနိမ့္ပိုင္းေက်း႐ြာေတြနဲ႔ရပ္ကြက္ေတြထဲ ေရဝင္သြားတာပါ။ ေရႀကီးမႈေၾကာင့္ စာသင္ေက်ာင္း ၁၇ ေက်ာင္းကိုလည္း ယာယီ ပိတ္ထားရသလို ကြၽဲႏြားေတြကိုလည္း တာေဘာင္ေတြမွာ ခ်ည္ထားရပါတယ္။ လယ္ေတြကေတာ့ ဘယ္ေလာက္ထိပ်က္စီးမယ္ဆိုတာ မသိရေသးပါဘူး။ သတင္း- ေအာင္စိုးမိုး
2 years Ago
Up