ဝေဘာဂီ

September 21, 2020

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း  ၆,၁၅၁ ဦး ၊ သေဆုံးသူ ၉၈ ဦးရှိလာ

ကိုဗစ်-၁၉ လူနာသစ် ၃၄၆ ဦး၊  သေဆုံးသူ ၁ ဦးထပ်တိုးလာပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာပေါင်း ၆,၁၅၁ ဦးနဲ့  ၊ သေဆုံးသူ ၉၈ ဦးရှိသွားပြီလို့   ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ည ထုတ်ပြန်ပါတယ်။ သေဆုံးသွားသူကတော့ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ  တက်ရောက်ကုသမှုခံယူနေတဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးဖြစ်တဲ့ ကိုဗစ် လူနာအမှတ်  ၄၆၁၂ ဟာ  ဒီကနေ့ မွန်းလွဲ ၂ နာရီက ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၇၃၈ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ ဓာတ်ခွဲနမူနာ ၃၇၉ ခု၊ နေပြည်တော် အမှတ် (၂)တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)မှဓာတ်ခွဲနမူနာ ၅၄၅ ခု၊  စစ်တွေမြို့၊ အမှတ် (၁၇) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀) မှ ဓာတ်ခွဲနမူနာ ၆ ခု စုစုပေါင်း ၂,၄၃၉ ခုကို ဒီနေ့ ညနေ  စစ်ဆေးပြီးစီးခဲ့ရာ  လူနာသစ် ၃၄၆ ဦး တွေ့ရှိရတာပါ။ ဒီကနေ့ညနေ ၄ နာရီခွဲအချိန် ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ၆၇ နှစ်အရွယ်အမျိုးသမီး တစ်ဦး ၊ ၆၈ နှစ်အရွယ်အမျိုးသမီး တစ်ဦးနဲ့ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးက ၇၈ နှစ်အရွယ်အမျိုးသားတစ်ဦး စုစုပေါင်း ၃ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၁ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာစုစုပေါင်း ၆,၁၅၁ ဦး ၊ သေဆုံးသူ ၉၈ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၁,၄၄၅ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၃၄၅ ဦးရှိပါတယ်။
9 months Ago

September 16, 2020

ကိုဗစ်-၁၉ လူနာသစ် ၁၃၄ ဦးထပ်တွေ့၊  သေဆုံးသူ ၄ ဦးထပ်တိုးလာ

ကိုဗစ်-၁၉ လူနာသစ် ၁၃၄ ဦး၊ သေဆုံးသူ ၄ ဦးထပ်တိုးလာပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာပေါင်း ၃,၆၃၆ ဦးနဲ့ သေဆုံးသူ ၃၉ ဦးအထိရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ဒီနေ့ စက်တင်ဘာ ၁၆ ရက်မနက် ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ ၁,၀၉၄ ခု၊  အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၅၃၈ ခုအပါအဝင်  စုစုပေါင်း ဓာတ်ခွဲနမူနာ ၂,၄၂၄ ခုတို့ကို ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ  လူနာသစ် ၁၃၄ ဦးတွေ့ရှိရတာပါ။ လူနာသစ်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုတော့ ကျန်းမာရေးဌာနက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူခဲ့‌တဲ့ အသက် (၈၈)နှစ် အရွယ် သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူ အမျိုးသမီး (Case-2347) ဟာ ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးပြီး စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီ ၂၈ မိနစ်က  သေဆုံးသွားခဲ့ပါတယ်။  အလားတူ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) မှာ တက်ရောက်ကုသမှုခံယူခဲ့‌တဲ့ အသက် (၈၉) နှစ်အရွယ် သွေးတိုးရောဂါအခံရှိသူ အမျိုးသမီး (Case-1589) ဟာလည်း  ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်းပြီး စက်တင်ဘာ ၁၅ ရက် မနက် ၁၀နာရီ ၂၅ မိနစ်က  သေဆုံးသွားခဲ့ပါတယ်။  ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူခဲ့‌တဲ့ အသက် (၅၁) နှစ်အရွယ် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူ အမျိုးသား (Case-3122) ဟာလည်း ပြင်းထန် အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးပြီး စက်တင်ဘာ ၁၄ ရက် နေ့လည် ၃ နာရီခွဲက  သေဆုံးသွားခဲ့ပါတယ်။ ဒါ့အပြင် သန်လျင်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူခဲ့‌တဲ့ အသက် (၆၈) နှစ် အရွယ် ပန်းနာရင်ကြပ်ရောဂါ၊ သွေးတိုးရောဂါနှင့် ဆီးချိုရောဂါအခံရှိသူ အမျိုးသား (Case-3258) ဟာလည်း ပြင်းထန် အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်း ပျက်စီးပြီး စက်တင်ဘာ ၁၄  ရက် ညနေ ၄ နာရီ ၅ မိနစ်မှာ  သေဆုံးသွားခဲ့တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။  ကျန်းမာရေးဌာနရဲ့ မနေ့ည ထုတ်ပြန်ချက်မှာတော့  ကိုဗစ်-၁၉ လူနာသစ် ၂၀၃ ဦးနဲ့  သေဆုံးသူ ၃ ဦးထပ်တိုးလာတယ်လို့ ဖော်ပြထားတာပါ။  ဒါကြောင့် မနေ့ညနဲ့ ဒီမနက် ထုတ်ပြန်ချက်တွေအရ  ဓာတ်ခွဲနမူနာ  စုစုပေါင်း   ၄,၅၉၇ ခုကို စစ်ဆေးပြီးစီးခဲ့ရမှာ  ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၃၇ ဦးထပ်တွေ့ရှိခဲ့ပြီး သေဆုံးသူ ၇ ဦးထပ်တိုးလာတာဖြစ်ပါတယ်။  စက်တင်ဘာ ၁၆ ရက် မနက် ၈ နာရီအထိ  မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါ ဓာတ်ခွဲအတည်ပြုလူနာပေါင်း  ၃,၆၃၆ ဦး၊ သေဆုံးသူ ၃၉ ဦး၊  ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၈၃၂ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၅၇ ဦးရှိပါတယ်။
9 months Ago
More News
Up