ဝေဖန်ခံရ

September 23, 2020

မက်ဂွဲယားနှင့် လင်ဒီလော့ဖ်တို့ မန်ယူနိုက်တက်တွင် ကစားရန် ခြေစွမ်းမရှိဟု ဝေဖန်ခံရ

မန်ယူခံစစ်အတွဲဖြစ်တဲ့ မက်ဂွဲယားနဲ့ လင်ဒီလော့ဖ်တို့ဟာ ထိပ်တန်းအဆင့်မှာ ကစားဖို့ လုံလောက်တဲ့ခြေစွမ်းမရှိကြောင်း အာဆင်နယ်တိုက်စစ်မှူးဟောင်း အီရန်ရိုက်က ဝေဖန်လိုက်ပါတယ်။ မက်ဂွဲယားနဲ့ လင်ဒီလော့ဖ်တို့ဟာ ခရစ္စတယ်ပဲလေ့စ်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အမှားများခဲ့ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ တိုက်စစ်မှူးတစ်ဦးအနေနဲ့ဆိုရင် မက်ဂွဲယားနဲ့ လင်ဒီလော့ဖ်တို့ ဦးဆောင်ကစားနေတဲ့ ခံစစ်ပိုင်းကို ပစ်မှတ်ထားပြီး ဖြစ်နိုင်သမျှ ဖိအားပေး တိုက်စစ်ဆင်ကစားမှာဖြစ်တယ်လို့ အီရန်ရိုက်က ဝေဖန်ခဲ့တာပါ။ လူအများစုက တိုက်စစ်ပိုင်းမှာ အင်အားဖြည့်တင်းဖို့ ပြောဆိုနေကြပေမယ့် ယူနိုက်တက်အသင်းရဲ့ လက်ရှိအခြေအနေက ဗဟိုခံစစ်ပိုင်းကို ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ အီရန်ရိုက်က သုံးသပ်ပါတယ်။ သူတို့နှစ်ဦးက မန်ယူအသင်းလို ထိပ်တန်းအသင်းမှာ ကစားဖို့ လုံလောက်တဲ့စွမ်းဆောင်ရည် မရှိကြောင်းနဲ့ ဆုဖလားတွေကို စိန်ခေါ်နိုင်ချင်တယ်ဆိုရင် ခံစစ်ပိုင်းကို ပြောင်းလဲမှုလုပ်ဖို့ လိုတယ်လို့ အီရန်ရိုက်က ဝေဖန်ခဲ့ပါတယ်။
1 year Ago

December 17, 2019

အမျိုးသမီး လစဉ်သုံးဂွမ်းကပ်များ အခွန်တိုးကောက်သဖြင့် ထိုင်းဝန်ကြီးချုပ် ‌ဝေဖန်ခံရ 

ထိုင်းနိုင်ငံမှာ အမျိုးသမီးတွေ ဓမ္မတာလာစဉ် အသုံးပြုတဲ့ ဂွမ်းကပ်တွေကို အပိုသုံးဖြုန်းပစ္စည်းအဖြစ် သတ်မှတ်ပြီး အခွန်ငွေ ၄၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခဲ့တာကြောင့် ထိုင်းဝန်ကြီးချုပ်ကို ဝေဖန်နေကြပါတယ်။ အမျိုးသမီးတွေ ကျန်းမာရေးအတွက် လစဉ် အသုံးပြုနေရတဲ့ ဂွမ်းကပ်တွေရဲ့ ဈေးနှုန်းကို ထိန်းချုပ်မှုမရှိတဲ့အပြင် အပိုသုံးဖြုန်းပစ္စည်းအဖြစ် သတ်မှတ်ပြီး အခွန်ငွေ ၄၀ ရာခိုင်နှုန်းပေးရမယ်လို့ သတ်မှတ်ခဲ့တာဟာ ထိုင်းဝန်ကြီးချုပ်အနေနဲ့ ဘယ်လိုအသိဉာဏ်နဲ့ ဆုံးဖြတ်တာလဲလို့ ဖွေ့ချတ်ပါတီ ပြောခွင့်ရှိသူ နန်းဆောင်ကစ်ပရီးယားကယောက်ဆိုင်မိုင်းက  ဒီဇင်ဘာ ၁၆ ရက်မှာ မေးခွန်းထုတ်လိုက်ပါတယ်။  ဝန်ကြီးချုပ်အနေနဲ့ ကုန်ဈေးနှုန်းကြီးမှုကို ရင်ဆိုင်နေရတဲ့ အမျိုးသမီးထုတွေကို ငဲ့ကွက်ပြီး အမျိုးသမီးသုံး ဂွမ်းကပ်တွေကို အခွန်လွတ်ပစ္စည်းအဖြစ် သတ်မှတ်ပေးသင့်ကြောင်း၊  ဒီပစ္စည်းဟာ အမျိုးသမီးတွေအတွက် မသုံးမဖြစ်ပစ္စည်းမို့ စာသင်ကျောင်းတွေမှာ အခမဲ့ ဖြန့်‌ဝေသင့်တယ်လို့ ကစ်ပရီးယားက ဆက်ပြောပါတယ်။  လက်ရှိ အမျိုးသမီးသုံးဂွမ်းကပ် တထုပ်ကို ဘတ် ၄၀ မှ ၆၀ အထိ ဈေးကြီးပေး ဝယ်နေရကြောင်း၊ အကောင်းစားဆို ဘတ် ၈၀ အထိပေးရကြောင်း၊ အမျိုးသမီးတဦးဟာ မိမိကျန်းမာရေးပေါ် မူတည်ပြီး ဂွမ်းကပ် တနေ့ကို ၇ ကြိမ်ထိ လဲကြရကြောင်း၊ တလလျှင် ဓမ္မတာ ၄ ရက်မှ ၇ ရက်ထိ ကြာတတ်ပြီး ပျှမ်းမျှ ၁ လကို ဂွမ်းကပ် အခု ၃၀ ထိ သုံးရတာကြောင့် တလကို ဘတ် ၄၀၀ ထိ ကုန်ကျနေရပြီး အနှစ် ၃၀ ဆိုရင် ဘတ်ငွေ ၁၄၀၀၀၀ ကုန်ကျတယ်လို့ ကစ်ပရီးယားက ထောက်ပြသွားပါတယ်။  ဝန်ကြီးချုပ်အနေနဲ့ အမျိုးသမီးတွေရဲ့ အခြေခံအခွင့်အရေးကို မထောက်ရှုဘဲ ဆုံးဖြတ်ခဲ့တာဟာ အမျိုးသမီးထုကြီးက မောင်းထုတ်တာကို ခံချင်လို့လားလို့ ကစ်ပရီးယားက မေးထားတဲ့အကြောင်း သတင်းမှာ ဖော်ပြထားပါတယ် ။  ကစ်ပရီးယားရဲ့ မေးခွန်းကို ထိုင်းလူမှုကွန်ရက်ထဲမှာ ထိုင်းအမျိုးသမီး အများစုက ထောက်ခံနေကြပြီး ဝန်ကြီးချုပ်ကိုလည်း ဝေဖန်ပြစ်တင်သရော်နေကြပါတယ် ။
2 years Ago
Up