ဝေဖန်ခဲ့မှု

A d v e r t i s e m e n t With Us

March 21, 2020

မွေးရပ်ပြန်လာသည့်အပေါ် ဆားဘီးယားဝန်ကြီးချုပ်ဝေဖန်ခဲ့မှု ရီးရဲလ်တိုက်စစ်မှူး တုံ့ပြန်

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးနဲ့ပတ်သက်ပြီး စည်းကမ်းချိုးဖောက်တယ်ဆိုတဲ့ ဆားဘီးယားဝန်ကြီးချုပ်ရဲ့ဝေဖန်မှုကို ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး လူကာဂျိုဗစ်က ပြန်လည် တုံ့ပြန်လိုက်ပါတယ်။  “ကိုယ်ချစ်တဲ့ ပြည်သူတွေနဲ့မိသားစုကို ပြန်လာပြီး အားပေးတာပါ၊ဒါပေမဲ့ ကိုယ့်အလုပ်ကို သေချာအောင်မလုပ်၊ တိကျတဲ့ ညွှန်ကြားချက်တွေ မပေးဘဲ ဝေဖန်တယ်။” ရီးရဲလ်က ဗိုင်းရပ်စ် ကင်းရှင်းလို့ အိမ်ပြန်ခွင့်ပေးခဲ့တဲ့အပြင် ပြန်ရောက်တော့ ထပ်စစ်ရာမှာလည်း ဘာမှမရှိဘူးလို့ သူက ဆိုပါတယ်။ ရီးရဲလ်တိုက်စစ်မှူး ဂျိုဗစ်ဟာ  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမူ များပြားနေတဲ့ စပိန်နိုင်ငံကနေ မွေးရပ်မြေ ဆားဘီးယားကို ပြန်လာခဲ့တဲ့အပြင် လာလျှင် စောင့်ကြည့်ခံရမယ်ဆိုတဲ့စည်းကမ်း ချက်ကို  ချိုးဖောက်ခဲ့တယ်လို့ ဆားဘီးယားဝန်ကြီးချုပ်က ဝေဖန်လိုက်တာပါ။ ဒေါ်လာသန်းချီ ရရှိနေကြတဲ့ ဘောလုံးသမားတွေရဲ့ အနုတ်လက္ခဏာဆောင်တဲ့ အပြုအမူတွေရှိပြီး သီးခြားနေထိုင်သင့်ပေမယ့်လည်း ဆားဘီးယားကို ပြန်လာခဲ့တာက သူတို့ရဲ့ တာဝန်ရှိမှုတွေကို လျစ်လျူရူခဲ့တာလို့လည်း ဝန်ကြီးချုပ် အန်နာဘာနာဗစ်က ဝေဖန်ခဲ့တာပါ။   ကစားသမားတဦး ကိုရိုနာကူးစက်ခံရပြီးနောက်မှာ ရီးရဲလ်အသင်းဟာ ကစားသမားတွေကို တကိုယ်ရေ ထိန်းချုပ်ကန့်သတ်နေဖို့ ညွှန်ကြားခဲ့ပေမယ့် ဂျိုဗစ်ဟာ ဆာဘီးယားနိုင်ငံကို သီးသန့်လေယာဉ်နဲ့ ပြန်လာတာပါ။ ဂျိုဗစ်ဟာ ရီးရဲလ်အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး စုစုပေါင်း၂၄ ပွဲမှာ ၂ဂိုးပဲ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
11 months Ago
Up