ဝေကြီး

September 29, 2020

ဝေကြီးသီဆိုထားသည့် “ငိုးမကိုဗစ်ကြီး”သီချင်း အွန်လိုင်းပေါ် နာမည်ကြီးနေ(ရုပ်သံ)

       “ကဲတုန်းက ကဲပြီးပြီ… ခုတော့နည်းနည်းလောက် အိမ်မှာနေကြည့်… ရည်းစား လေးလည်း နေဦး… နင့်ထက်အရေးကြီးတာမျိုးတွေ့ပြီ… စိတ်ဒုက္ခပေးပြီးပြီ… မင်းမွေး ခဲ့တဲ့မင်းမြို့ကိုပြန်ပြီး… ဒိုးတော့နှုတ်ဆက်သင့်ပြီ… ဝမ်းလည်းမနည်းနဲ့ "ငလူးမ ကိုဗစ် ကြီး" ဒါကတော့ လတ်တလော အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေတဲ့ လူငယ်အဆိုတော် ဝေကြီးရဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွားစာသား တွေ ဖြစ်ပါတယ်။ “ငိုးမကိုဗစ်ကြီး”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ဝေကြီးက ကိုယ်တိုင်ရေး ပြီး ကိုယ်တိုင်ပဲ သီဆိုထားခဲ့ကာ လတ်တလော ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ထင် ဟပ်နေတာမို့ ပရိသတ်တွေကြားမှာ နာမည်ကြီးနေခဲ့တာ ဖြစ်ပါတယ်။ “Bar နဲ့ Nightclub ပိတ်ပြီ… သတင်းကြားရတဲ့နေ့က သေပါပြီ… ငါဝမ်းနည်း မိလို့ငိုတုန်း… ဒီ"တိုက်"ကတစ်ယောက်တွေ့တယ်ဗျို့ သွားပြီ… ခင်ဗျားနဲ့ကျုပ်နဲ့တွေ့ပြီ … ကောင်းကျိုးမပေးတဲ့ "ငလူးမကိုဗစ်ကြီး"… အခုတော့စဉ်းစားပြီးပြီ… ခင်ဗျား မရှိတော့တဲ့တနေ့တော့ ပျော်ပျော်ကြီး” ဝေကြီးဟာ ကိုယ်ပိုင်သံစဉ်သီချင်းတွေ ရေးပြီး ထိရှလွယ်တဲ့ သီချင်းစာသားတွေနဲ့ အတူ ပရိသတ်တွေကြား နာမည်ကြီးလာခဲ့ပြီးနောက်မှာတော့ ကိုယ်တိုင်လည်း သီချင်း တွေ သီဆိုလာခဲ့တာ ဖြစ်ပါတယ်။ “Line ပေါ်မတင်ပါနဲ့” ၊ “အိမ်ထဲမှာ” ၊ တခြားအဆိုတော်တွေနဲ့ တွဲဖက်သီဆိုထားခဲ့ တဲ့ “ငါမုန်းတဲ့နာရီ”စတဲ့ သူ့ရဲ့ သီချင်းတွေဟာလည်း ပရိသတ်အားပေးလက်ခံမှုတွေ ရရှိခဲ့ ပြီး လူသိများတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။ “သင်္ကြန်ကို ၁၀ ရက်လုပ်မည်… KTVမှာပဲ အိပ်မည်ပျော်ပျော်ကြီး… ရည်းစားနဲ့ ခရီးထွက်မည်… VEGAS ပြည်အထိ… ငွေဆာင်မှာ ရေကူးဦးမည်… စေတီတွေ အကုန် ဖူးဦးမည်ပျော်စရာကြီး… တဖြည်းဖြည်းနဲ့စဉ်းစားကြည့်တာ… တနေတောင် ကုန်သွား ပြီ” ခုတခါ အလန်းစား တေးသွားစာသားတွေနဲ့ “ငိုးမကိုဗစ်ကြီး”သီချင်းထဲမှာလည်း ပရိသတ်တွေက ဝေကြီးရဲ့ ဖန်တီးမှုကို ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ အွန်လိုင်းဂီတပလက်ဖောင်းတွေဖြစ်တဲ့ Tay Than Thar ၊ Legacy Music နဲ့ Joox စတဲ့ ပလက်ဖောင်းတွေကတဆင့် ခံစားနားဆင်နိုင်မှာဖြစ်ကာ ရက်ပိုင်းအတွင်းမှာပဲ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။ တေးချစ်သူအမည်နဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတခုကတော့ ဝေကြီးရဲ့ ပုံရိပ်တွေနဲ့ အတူ သီချင်းရုပ်သံကို လိုက်ဖက်ညီအောင် ဖန်တီးထားခဲ့ပြီး နာရီပိုင်းအတွင်း ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ သိန်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။
7 months Ago

May 4, 2020

R.ဇာနည်၊ ဝေကြီး၊ အိုင်ရင်းဇင်မာမြင့်၊ မေလသံစဉ်တို့သီဆိုသည့် “ငါမုန်းတဲ့နာရီ”သီချင်း(ရုပ်သံ)

         ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွား စာသားတွေဖြစ်ပြီး အွန်လိုင်းပရိသတ်တွေကြားမှာတော့ ရေပန်းစားနေခဲ့ပါတယ်။ ဒီသီချင်းကိုတော့ ဆယ်ကျော်သက်အနုပညာရှင် မေလသံစဉ်က ရေးဖွဲ့ပေးထားခဲ့ တာဖြစ်ပြီး သူနဲ့အတူ နာမည်ကြီး အဆိုတော်တွေ ဖြစ်ကြတဲ့ R.ဇာနည်၊ တေးရေးတေးဆို ဝေကြီးနဲ့ အဆိုတော် အိုင်ရင်းဇင်မာမြင့်တို့က ထူးထူးခြားခြား တွဲဖက်သီဆိုထားခဲ့ကြ တာ ဖြစ်ပါတယ်။ “ဘဝက အချိန်ခဏလေး… ပြောတော့သာလွယ်… မကုန်နိုင်ဘူး စိတ်ပျက်ခဲ့ နေ့တွေ… ဒီနေ့လည်း အလုပ်မရှိပြန်ဘူးလေ… တခါတခါ ထိုင်တွေး… တခါပြန် ထ ငေး… ဘဝက သိပ်တိုပါတယ်… ပြောတော့သာလွယ်… မကုန်နိုင်ဘူး ငြီးငွေ့ခဲ့ ရက် တွေ… ငွေတွေလည်း ပါးလှပ်လို့ သွားပြီ… ရက်တွေ လတွေ ပြောင်းချင်ပါပြီ… အခုအ ချိန်မင်းကို မုန်းတယ် နာရီ… ဝို…. ဝိုး… ဝို… ဝို… ဝိုး… ဝို” မေလသံစဉ်ဟာ ကလေးဘဝတည်းက ကိုယ်ပိုင်သံစဉ်သီချင်းတွေ ရေးသားသီဆို ရင်း နာမည်ကြီးလာခဲ့တဲ့ အနုပညာရှင်တယောက်ဖြစ်ပြီး ဒီသီချင်းထဲမှာတော့ လတ်တ လော Covid-19 ကပ်ဘေးကာလ အခြေအနေကို ထင်ဟပ်ရေးဖွဲ့ထားတဲ့ စာသားတွေနဲ့ ဖန်တီးမှုတွေကို ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ Lyrics Video တပုဒ်အနေနဲ့ တင်ဆက်လိုက်တဲ့ “ငါမုန်းတဲ့ နာရီ”သီချင်းရုပ်သံကိုတော့ မေလသံစဉ်ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထား ခဲ့တာဖြစ်ပြီး နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၂ သိန်းခွဲ ကျော်နေခဲ့ပြီ ဖြစ်ပါတယ်။ “တလှမ်းချင်း လှမ်းရင်း အချိန်ကုန် မြန်ပါစေ… ငါတို့ရဲ့ နာရီတွေ… ဘယ်အချိန် ဝမ်းနည်းစရာ သတင်းတွေ ကြုံမလဲ… နားစွင့်လို့နေဆဲ… အသက်ဝဝနဲ့ လေကို ရှိုက် သွင်း နိုးထချင်ပါပြီ… မိသားစုမနက်စာ စုံလင်နေကျ ထမင်းဝိုင်းလေး မျှော်မိ”
12 months Ago
Up