ဝူဟန် ဗိုင်းရပ်စ်သုတေသနဓာတ်ခွဲခန်း

February 3, 2021

ဝူဟန် ဗိုင်းရပ်စ်သုတေသန ဓာတ်ခွဲခန်းကို WHO စုံစမ်းရေးအဖွဲ့ သွားရောက်

ဝူဟန်မြို့ကို ရောက်နေတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဟာ ဖေဖော်ဝါရီ ၃ ရက်က ဗိုင်းရပ်စ်သုသေတန ဓာတ်ခွဲခန်းကို သွားရောက်ခဲ့ပါတယ်။

ဓာတ်ခွဲခန်း လာရောက်ချိန်မှာ အဖွဲ့ကို ဦးဆောင်တဲ့ ဗိုင်းရပ်စ်ပညာရှင် ပီတာဘန်း အမ်းမာရစ်က အဓိကကျတဲ့ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး အရေးကြီး မေးခွန်းတွေကို မေးသွားမယ်လို့ ပြောဆိုပါတယ်။

အဲဒီဗိုင်းရပ်စ် သုတေသန ဓာတ်ခွဲခန်းဟာ ပထမဆုံး ကိုရိုနာဗိုင်းရ်ပ်စ် ဖြစ်ပွားရာနေရာဆိုပြီး ယူဆချက် အတော်များများ ရှိနေပါတယ်။

သိပ္ပံပညာရှင်အများစုက အဲဒီယူဆချက်ကို လက်မခံပေမယ့် တချို့ကတော့ တောရိုင်းတိရစ္ဆာန်က ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ဓာတ်ခွဲခန်းမှာ စမ်းသပ်ပြီး ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ဝန်ထမ်းတစ်ယောက်ကနေ အပြင်ကို ဗိုင်းရပ်စ် ပျံ့နှံ့သွားတာ ဖြစ်နိုင်တယ်ဆိုပြီး ထင်ကြေးပေးပါတယ်။

ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်နဲ့ အနီးဆုံးတူညီတဲ့ ဗိုင်းရ်စ်ကို သိရှိဖို့ ဓာတ်ခွဲခန်းမှာ သုတေသနပြုထားတဲ့ ကိုရိုနာဗိုင်းရပ်စ် နမူနာအားလုံးရဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ပေးဖို့ သိပ္ပံပညာရှင်တချို့က တရုတ်အစိုးရကို တိုက်တွန်းထားတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

10 months Ago
Up