COVID-19 ကို ဝူဟန်ဗိုင်းရပ်စ် ဆိုပြီး အမည်တပ်လိုက်တဲ့အပေါ် တရုတ်အစိုးရက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုကို မတ် ၂၆ ရက်မှာ ပြစ်တင် ရှုတ်ချလိုက်ပါတယ်။
မတ်လ ၂၅ ရက်ကလုပ်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲမှာ ပွန်ပေယိုက ကိုရိုနာဗိုင်းရပ်စ်သစ်ကို တိုက်ဖျက်ဖို့ရာ ပွင့်လင်းမြင်သာမှု အပြည့်အဝ လိုအပ်တယ်လို့ ပြောခဲ့ပြီး တရုတ်အစိုးရ ဒေါသထွက်စေတဲ့ ဝူဟန်ဗိုင်းရပ်စ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ထပ်မံသုံးနှုန်းခဲ့တာပါ။
ဂျီဆဲဗင်း ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတွေရဲ့ ကိုရိုနာဗိုင်းရပ်စ်အကြာင်း ဆွေးနွေးပွဲမှာ တရုတ်အစိုးရရဲ့ ရည်ရွယ်ချက်ရှိရှိ မဟုတ်မမှန် သတင်းထုတ်လွှင့်တဲ့အကြောင်းကို ဆွေးနွေးခဲ့တာပါ။
အဲဒီဆွေးနွေးပွဲမှာ ပွန်ပေယိုက မြို့တော်ပေကျင်းက ရောဂါဖြစ်ပွားမှုကို ကမ္ဘာကြီးအနေနဲ့ အတိအကျသိဖို့ လိုနေသေးတယ်လို့လည်း ထပ်လောင်း ပြောခဲ့ပါတယ်။
မတ် ၂၆ ရက်ကလုပ်တဲ့ တရုတ် နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရပုဂ္ဂိုလ် ဂန်ရှောင်းက တရုတ်အစိုးရဟာ သတင်းအချက်အလက်တွေကို ဝေမျှထားခဲ့ပြီး အမေရိကန် အစိုးရအနေနဲ့ ကပ်ရောဂါကနေ နိုင်ငံရေး အမြတ်မထုတ်ဖို့ ဂန်ရှောင်းက တိုက်တွန်းခဲ့ပါတယ်။
3 years Ago