ဝူဟန်ဆေးရုံအုပ်

A d v e r t i s e m e n t With Us

April 10, 2020

အိပ်ချ်အိုင်ဗွီဆေးက ကိုရိုနာလူနာများ ကုသရာတွင် အစွမ်းထက်ဟု ဝူဟန်ဆေးရုံအုပ်ကြီးပြော

အိပ်ချ်အိုင်ဗွီဆေး Kaletra (ကလယ်ထရာ) ဟာ  ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံလူနာတွေကို ကုသရာမှာ အစွမ်းထက်တယ်လို့ ဝူဟန်ဆေးရုံအုပ်ကြီးက ဧပြီ ၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။   AbbVie ကုမ္ပဏီထုတ် အိပ်ချ်အိုင်ဗွီဆေး Kaletra ဟာ အစွမ်းမထက်ဘူးဆိုပြိး    ထွက်နေတဲ့ သတင်းတွေနဲ့ ကွဲလွဲပြီး ဆေးစွမ်းထက်တယ်လို့ ဝူဟန်ပြည်နယ် ကျင်းယင်တန်ဆေးရုံအုပ်ကြီး  ကျန်တင်ယုက ပြောလိုက်တာပါ။ ဇန်နဝါရီလကတည်းက ဆေးဝန်ထမ်းတွေဟာ  ကိုရိုနာဗိုင်းရပ်စ် ဖြစ်သူတွေကို အိပ်ချ်အိုင်ဗွီဆေး Kaletra  နဲ့ bismuth potassium citrate တို့နဲ့ ကုသပေးနေတယ်လို့  ဆေးရုံအုပ်ကြီးက ပြောပါတယ်။  ကျင်းယင်တန် ဆေးရုံအုပ်ကြီးက သူနာပြုတွေနဲ့ ဆရာဝန်တွေကို Kaletra  နဲ့ bismuth potassium citrate ပေးခဲ့ပြီး အကျိုးဆက်အနေနဲ့  ဗိုင်းရပ်စ်ကူးစက်တာ မရှိတော့ဘူးလို့ ပြောပါတယ်။   အရင်လေ့လာချက်တွေအရ အိပ်ချ်အိုင်ဗွီဆေး Kaletra ဟာ  ဆားစ်ရောဂါကို ကုသရာမှာလည်း ကောင်းမွန်တဲ့ ရလဒ်တွေ ရှိခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ 
11 months Ago
Up