ဝု့စ်ဘက်

March 10, 2019

ဘိုင်ယန်က ၀ု့စ်ဘက်ကို ၆ ဂိုးပြတ် ချေမှုန်း (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါမှာ ဘိုင်ယန်မြူးနစ်က အိမ်ကွင်းမှာ ၀ု့စ်ဘက်ကို ၆ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဘိုင်ယန်အတွက် ဦးဆောင်ဂိုးကို နာဘရီနဲ့ ဒုတိယဂိုးကို တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက ၃၇ မိနစ်မှာ သွင်းယူပါတယ်။ ဘိုင်ယန်က အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။ တတိယဂိုးကို ၅၂ မိနစ်မှာ ရော်ဒီဂွတ်က အဝေးကစ်ကနေ သွင်းယူပါတယ်။ ၄ ဂိုးမြောက် ဂိုးကို ၇၆ မိနစ်မှာ သောမတ်စ် မူလာ၊ ၅ ဂိုးမြောက်ဂိုးကို ကင်မစ်ခ်ျက သွင်းယူပါတယ်။ အပိတ်ဂိုးကို ရီဘာရီရဲ့ ပေးပို့မှုကနေ တိုက်စစ်မှူး လီဝမ်ဒေါ့စကီးက သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ ဘိုင်ယန်မြူးနစ်က ၅၇ မှတ်နဲ့ ဒုတိယနေရာက ဒေါ့မန်နဲ့ အမှတ်တူပေမယ့် ဂိုးကွာခြားချက်ကြောင့် အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေပါတယ်။
3 years Ago

October 6, 2018

ဝါဒါဘရီမင်အသင်းက ဝု့စ်ဘက်ကို ၂ ဂိုးပြတ်ဖြင့် အနိုင်ရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ ဝါဒါဘရီမင်က ဝု့စ်ဘက်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဝါဒါဘရီမင်ဟာ ဒီနှစ်ရာသီမှာ အိမ်ကွင်း ရလဒ်ကောင်းနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။ အိမ်ရှင် ဝါဒါဘရီမင်အတွက် ဦးဆောင်ဂိုးကို ၃၅ မိနစ်မှာ တဖက်နောက်တန်းရဲ့ မရှင်းထုတ်နိုင်တဲ့ အမှားကနေ ကယ်ဆန်က သွင်းယူပါတယ်။ ခြေစွမ်းသိပ်မကွာတဲ့ နှစ်သင်းဆုံတာ ဖြစ်လို့ အကြိတ်အနယ် ရှိခဲ့ပါတယ်။ နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။ ဝါဒါဘရီမင်အတွက် အပိတ်ဂိုးကို ၈၆ မိနစ်မှာ အက်ဂက်စ်စတိန်းက ထိုးဖောက်သွင်းယူပါတယ်။ ဒီပွဲနိုင်လို့ ဝါဒါဘရီမင်က ၁၄ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ လတ်တလော ရပ်တည်နေပါတယ်။ ဝု့စ်ဘက်ကတော့ ၉ မှတ်နဲ့ အဆင့် ၇ ကို လျောကျသွားပါတယ်။
3 years Ago
Up