ဝုဗ်အသင်း

December 27, 2021

ဝုဗ်အသင်းသားများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရသဖြင့် အာဆင်နယ်နှင့် ပွဲစဉ်ကို ရွှေ့ဆိုင်း

ပရီးမီးယားလိဂ်ကလပ် ဝုဗ်အသင်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေရှိလာတာကြောင့် ဒီဇင်ဘာ၂၈ ရက်မှာ ကစားရမယ့် အာဆင်နယ်နဲ့ ပွဲစဉ်ကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဝုဗ်အသင်းဟာ ပြီးခဲတဲ့ ဒီဇင်ဘာ ၂၆ ရက်မှာကစားရမယ့် ဝက်ဖို့ဒ်နဲ့ပွဲစဉ်ကိုလည်း ကိုဗစ်ကူးစက်မှုတွေကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။

ဝုဗ်အသင်းဟာ ပွဲကစားဖို့အတွက် ကစားသမားလုံလောက်မှုမရှိတဲ့အခြေအနေဖြစ်ပြီး ပွဲရွှေ့ဆိုင်းပေးဖို့ ပရီးမီးယားလိဂ်ကို တောင်းဆိုခဲ့တာပါ။

စည်းမျဉ်းအရ အသင်းတစ်သင်းမှာ ပွဲကစားနိုင်တဲ့ ကစားသမား ၁၃ ဦးနဲ့ ဂိုးသမား တစ်ဦးရှိမယ်ဆိုရင် ပွဲစားရမှာဖြစ်ပြီး ကိုဗစ်ကူးစက်မှုတွေနဲ့ ဒဏ်ရာအခြေအနေတွေကြောင့် အဲဒီ အရေအတွက်မပြည့်တာကြောင့် ရွှေ့ဆိုင်းဖို့ဆုံးဖြတ်ခဲ့တယ်လို့ ပရီးမီးယားလိဂ်က တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။

အာဆင်နယ်အသင်းမှာလည်း ကိုဗစ်ပိုးတွေ့ရှိသူ ၃ ဦးရှိခဲ့ပေမဲ့ နောဝှစ်ချ်နဲ့ ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ပြီး ၅ ဂိုး ဂိုးမရှိနဲ့နိုင်ပွဲရခဲ့ပါတယ်။

အာဆင်နယ်ပွဲနဲ့ တစ်နေ့တည်း ကစားမယ့် လိဒ်ယူနိုက်တက်နဲ့ အက်စတွန်ဗီလာပွဲကိုလည်း ကိုဗစ်ကူးစက်မှုတွေကြောင့် ရွှေ့ဆိုင်းထားပါတယ်။

4 weeks Ago

November 14, 2021

ဘောလုံးဆွဲပြေးနိုင်မှု အအောင်မြင်ဆုံးစာရင်းတွင် ဝုဗ်က ထရာအိုရေး ထိပ်ဆုံးရပ်တည်

ဥရောပထိပ်တန်းလိဂ် ၅ ခုရဲ့ ဘောလုံးဆွေးပြေးနိုင်မှု အအောင်မြင်ဆုံးကစားသမားစာရင်းမှာ ဝုဗ် တောင်ပံတိုက်စစ်မှူး အဒါမာထရာအိုရေးက ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ 

CIES လို့ ခေါ်တဲ့ ဘောလုံး အချက်အလက်သုတေသနအဖွဲ့က လေ့လာသုံးသပ်ပြီး ထုတ်ပြန်ခဲ့တာပါ။ 

စပိန်နဲ့ ဝုဗ်တောင်ပံကစားသမား အဒါမာထရာအိုရေးဟာ မိနစ် ၁၀၀ ကစားပြီးတိုင်း အောင်မြင်တဲ့ ဘောလုံးဆွဲပြေးနိုင်မှု ၁၁.၂၄ ကြိမ်ရှိခဲ့ပြီး  ၇၉ ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ 

ဒုတိယနေရာမှာ အေစီမီလန်တောင်ပံ တိုက်စစ်မှူး ရာဖေးလ်လီယိုက ရပ်တည်နေပြီး မိနစ် ၁ဝဝ မှာ အောင်မြင်တဲ့ ဘောလုံးဆွဲပြေးမှု ၇.၁၀ ကြိမ် ရှိခဲ့ပါတယ်။ သူတို့ ၂ ဦးနောက်မှာ နယူးကာဆယ်က စိန့်မက်ဆီမင်၊ ရင်းနက်စ်က ဆူလီမန်နာ၊ ပီအက်စ်ဂျီက နေမာနဲ့ ဘိုင်ယန်မြူးနစ်က အယ်လ်ဖွန်ဆိုဒေးဗီးစ် တို့က အစဉ်လိုက်ရပ်တည်နေပါတယ်။

နာမည်ကြီးကစားသမားတွေထဲမှာတော့ ပီအက်စ်ဂျီက အမ်ဘာပေက အဆင့် ၁ဝ မှာ ရပ်တည်ခဲ့ပေမယ့် မက်ဆီကတော့  လီဂူးဝမ်းမှာ ခြေစွမ်းမပြနိုင်သေးတာကြောင့် အဆင့် ၅ဝ အပြင်ဘက်မှာပဲ ရပ်တည်ခဲ့ပါတယ်။ 

ပရီးမီးယားလိဂ် တစ်ခုတည်းမှာဆိုရင်တော့ ထရာအိုရေးနဲ့ စိန့်မက်ဆီမင်တို့အပြင်  လူးကပ်မိုရာ၊ ဇာဟာ၊ ဂရင်းဝုဒ်နဲ့ အန်တိုနီယိုတို့က ထိပ်ဆုံး ၁ဝ ဦးစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

2 months Ago
More News
Up