ဝုဗ်နည်းပြ

November 9, 2020

VAR စနစ် မျှတသည့်ဆုံးဖြတ်ချက် မရဟု ဝုဗ်နည်းပြ ဆန်းတို့စ် ဝေဖန်

VAR ဆီကနေ တရားမျှတတဲ့ ဆုံးဖြတ်ချက်တွေ လိုချင်ခဲ့ပေမယ့် လက်ရှိအချိန်မှာ မရရှိသေးကြောင်း ဝုဗ်နည်းပြ ဆန်းတို့စ်က ပြောပါတယ်။  ဝုဗ်အသင်းဟာ လက်စတာနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပင်နယ်တီပြစ်ဒဏ်ဘောပေးခဲ့ရပြီး အဲဒီ တလုံးတည်းသော ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။ လက်စတာက ပရာရက်က ဂိုးဧရိယာထဲ ဖြတ်တင်ပေးရာမှာ နောက်ခံလူ ကယ်လ်မန်းရဲ့ လက်နဲ့ထိခဲ့တာကြောင့် ဒိုင်လူကြီးက VAR နဲ့ ပြန်ကြည့်ပြီး ပင်နယ်တီပေးခဲ့တာပါ။  ကစားသမားတစ်ယောက်က ဖျက်ထုတ်ရာမှာ လက်မောင်း ၂ ခုလုံးနဲ့ မထိစေဖို့ နည်းပြတွေက သင်ကြားပြသဖို့ ခက်ခဲပြီး ဟန်ချက်ညီနိုင်အောင် ကစားနိုင်မှာ မဟုတ်ကြောင်း ဆန်းတို့စ်က ပြောပါတယ်။ VAR ဆီကနေ တရားမျှတမှုရှိတဲ့ ဆုံးဖြတ်ချက်တွေ လိုချင်ခဲ့ပေမယ့် လက်စတာနဲ့ ပွဲမှာတော့ VAR ရဲ့ ဆုံးဖြတ်ချက်တွေက ဝုဗ်အသင်းအတွက် မဟုတ်ခဲ့ကြောင်း နည်းပြ ဆန်းတို့စ်က မှတ်ချက်ပေးပါတယ်။
1 year Ago
Up