ဝုဖ်ဘတ်ကစားသမား ဒရက်စ်လာကို ခေါ်ယူရန် အာဆင်နယ် ပြင်ဆင်

December 19, 2016

ဝုဖ်ဘတ်ကစားသမား ဒရက်စ်လာကို ခေါ်ယူရန် အာဆင်နယ် ပြင်ဆင်

အာဆင်နယ်အသင်းဟာ ဝုဖ်ဘတ်အသင်းနဲ့ အဆင်မပြေဖြစ်နေတဲ့ ဂျာမနီလူငယ်ကစားသမား ဂျူလီယန်ဒရက်စ်လာကို ခေါ်ယူဖို့အတွက် ပြင်ဆင်နေပါတယ်။ ဒရက်စ်လာဟာ ဝုဖ်ဘတ်အသင်းက ဘိုင်ယန်မြူးနစ်အသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီးတဲ့နောက်မှာ အသင်းက ထွက်ခွာတော့မယ်ဆိုပြီး ပြောကြားထားခဲ့တာပါ။ ဒါပေမယ့် အခုတပတ် ဖရန့်ဖတ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ မိနစ် ၉၀ လုံး ပွဲထွက်ကစားခွင့် ရခဲ့ပြီးတော့ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ဂျက်ဖရီ ဘရူမာအတွက်လည်း ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒရက်စ်လာဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ဝုဖ်ဘတ်အသင်းကနေ ထွက်ခွာဖို့ ပြောကြားထားတဲ့အတွက် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့အတွက် ပြင်ဆင်နေတာပါ။ အာဆင်နယ်အသင်းဟာ ဒရက်စ်လာကို ထပ်မံခေါ်ယူနိုင်ခဲ့မယ်ဆိုရင် မာတီဆက်ကာ၊ အိုဇေးလ်၊ မူစတာဖီတို့ပြီးရင် နောက်ထပ်ရောက်ရှိလာမယ့် ဂျာမန်ကစားသမားသစ် ဖြစ်လာမှာပါ။
5 years Ago
Up