ဝီးဖရတ်ဒ်ဇာဟာ

A d v e r t i s e m e n t With Us

June 7, 2020

ဒေးဗစ်မိုယက်စ်၏ သမီးနှင့် ငြိစွန်းခဲ့ဖူးသည်ဆိုသည့်သတင်း မမှန်ဟု ဇာဟာ ဖြေရှင်း

မန်ယူအသင်းမှာ ကစားစဉ်က နည်းပြ ဒေးဗစ်မိုယက်စ်ရဲ့သမီးနဲ့ ငြိစွန်းခဲ့တယ်ဆိုတဲ့ သတင်း တွေဟာ မှန်ကန်မှုမရှိကြောင်း ဝီးဖရတ်ဒ်ဇာဟာက ဖြေရှင်းလိုက်ပါတယ်။  တောင်ပံတိုက်စစ်မှူး ဇာဟာ ဟာ ၂၀၁၃ ခုနှစ်က ခရစ္စတယ်ပဲလေ့ကနေ မန်ယူအသင်းဆီကို ပြောင်းရွှေ့ခဲ့တာပါ။ အဲဒီအချိန်က မန်ယူအသင်းကို နည်းပြဒေးဗစ်မိုယက်စ်က တာဝန်ယူနေတာပါ။  ဇာဟာဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နည်းပြမိုယက်စ်က အခွင့်အရေး မပေးခဲ့ပါဘူး။  အဲဒီလို ပွဲကစားခွင့်မရခဲ့တာဟာ မိုယက်စ်ရဲ့ သမီးဖြစ်သူနဲ့ ငြိစွန်းခဲ့တာကြောင့် ဖြစ်တယ်လို့ အဲဒီအချိန်က တွစ်တာစာမျက်နှာမှာ လူပြောများခဲ့ပါတယ်။  ရီယိုဖာဒီနန်နဲ့ အင်တာဗျူးမှာတော့ ဇာဟာက ပြန်လည်ဖြေရှင်းသွားခဲ့ပြီး အဲဒီအချိန်တုန်းက ယူနိုက်တက်အသင်းဘက်ကလည်း ဘာမှအကြံမပေးခဲ့တာကြောင့် ဘာလုပ်ရမလဲမသိ ဖြစ်နေခဲ့ တယ်လို့ ဇာဟာက ပြောပါတယ်။  နည်းပြမိုယက်စ်ရဲ့ သမီးနဲ့ တကြိမ်တခါမှတောင် တွေ့ဆုံဖူးခြင်းမရှိကြောင်းလည်း ဇာဟာက ဖြေရှင်းခဲ့ပါတယ်။ ဇာဟာ ဟာ မန်ယူအသင်းအတွက် ၂ ပွဲသာ ကစားခဲ့ရပြီး ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကာဒစ်စီးတီးအသင်းဆီ အငှားချခံခဲ့ရတာ ဖြစ်ပါတယ်။ 
9 months Ago
Up