ဝီလျံ

A d v e r t i s e m e n t With Us

April 24, 2020

ဝီလျံကို ခေါ်ယူရန်  ပရီးမီးယားလိဂ် ပြိုင်ဘက်  ၃ သင်း စိတ်ဝင်စားနေ

ချဲလ်ဆီးအသင်းကနေ ထွက်ခွာဖို့ရှိနေတဲ့ ဝီလျံကို ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်း တွေဖြစ်တဲ့ လီဗာပူး ၊ စပါးနဲ့ အာဆင်နယ်အသင်းတွေက ခေါ်ယူလိုနေပါတယ်။  စပိန်သတင်း Sport ကတော့ ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာကွင်းလယ်လူ ကော်တင်ညိုကို ခေါ်ယူဖို့ကြိုးပမ်းနေတာကြောင့် ဝီလျံကို  ထွက်ခွာခွင့်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။  ဝီလျံကို လီဗာပူးအသင်းက ခေါ်ယူဖို့ ဆွေးနွေးဖွယ်ရှိနေပြီး စပါးနဲ့ အာဆင်နယ်အသင်း တွေနဲ့လည်း အပြောင်းအရွှေ့သတင်းထွက်ပေါ်နေပါတယ်။  ဝီလျံဟာ အခုနှစ်ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ခေါ်ယူလိုတဲ့ အသင်းတွေအနေနဲ့ ပြောင်းရွှေ့ကြေးအလွတ်နဲ့ခေါ်ယူနိုင်မှာပါ။ ၂၀၁၃ ခုနှစ်ကတည်းက ရုရှားကလပ်အန်ဇီကနေ ပြောင်းရွှေ့လာတဲ့ ဝီလျံဟာ ချဲလ်ဆီးအသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။  အသက် ၃၁ နှစ်ရှိ ဝီလျံကို ချဲလ်ဆီးက ၂ နှစ်သက်တမ်းတိုးလိုပေမယ့် ဝီလျံက ၃နှစ် သက်တမ်းတိုးလိုတာကြောင့် အဆင်မပြေဖြစ်ခဲ့တာလို့ သိရပါတယ်။ 
11 months Ago

December 25, 2019

ဇန်နဝါရီ အပြောင်းအရွှေ့တွင် ဝီလျံ ချဲယ်လ်ဆီးက ထွက်ခွာမည်မဟုတ်

ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိဂ်အသင်းတွေရဲ့ ကစားသမားသစ် ခေါ်ယူဖို့ လုပ်ချိန်မှာ ချဲယ်လ်ဆီးအသင်း တောင်ပံကစားသမား ဝီလျံက သူ့အနေနဲ့ အသင်းကနေ ထွက်ခွာမှာမဟုတ်ဘူးလို့  ပြောပါတယ်။ ဝီလျံအနေနဲ့ ချဲယ်လ်ဆီးအသင်းနဲ့ပဲ စာချုပ်သစ်အတွက် ဆွေးနွေးနေပြီး  ဘာစီလိုနာက ခေါ်ဖို့ စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။  အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ဝါရင့်တောင်ပံကစားသမားဝီလျံဟာ အခုဘောလုံးရာသီမှာ အသင်းအတွက် ပရီးလီးယားလိဂ် ၁၇ ပွဲမှာ ၄ ဂိုး သွင်းထားပါတယ်။
1 year Ago
Up