ဝီလ်ရှိုင်းယား

A d v e r t i s e m e n t With Us

September 12, 2020

ကွင်းလယ်လူ ဝီလ်ရှိုင်းယားနှင့် စာချုပ်ဖျက်သိမ်းရန် ဝက်စ်ဟမ်းအသင်း ကြိုးပမ်း

ဝက်စ်ဟမ်းအသင်းဟာ ကွင်းလယ်လူ ဂျက်ဝီလ်ရှိုင်းယားကို စာချုပ်ဖျက်သိမ်းဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။  အသက် ၂၈ နှစ်ရှိ အင်္ဂလန်နဲ့ အာဆင်နယ်ကစားသမားဟောင်း ဝီလ်ရှိုင်းယားဟာ ၂၀၁၈ ခု နှစ်က ဝက်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့လာတာပါ။  ဒဏ်ရာပြဿနာတွေကြောင့် စုစုပေါင်း ၁၈ ပွဲသာ ကစားခဲ့ရပြီး ဝက်စ်ဟမ်းအသင်းက စာချုပ်ဖျက်သိမ်းဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။  ဝီလ်ရှိုင်းယားနဲ့ ဝက်စ်ဟမ်းတို့ရဲ့ စာချုပ်သက်တမ်းဟာ ၁၀ လာသာကျန်ရှိတော့ပြီး အပြောင်းအရွှေ့မှာ ကစားသစ်တွေဝယ်ယူဖို့အတွက် ဝီလ်ရှိုင်းယားကို စာချုပ်ဖျက်သိမ်းဖို့ နည်းပြ ဒေးဗစ်မိုယက်စ်က အလိုရှိနေတယ်လို့ သိရပါတယ်။  ဝက်စ်ဟမ်းအသင်းအတွက် လုံလောက်တဲ့ ပွဲအရေအတွက်နဲ့ အကောင်းဆုံး ကစားပေးနိုင်ခြင်းမရှိသေးဘူးလို့ ဝီလ်ရှိုင်းယားက ဝန်ခံခဲ့ဖူးပါတယ်။  ဝက်စ်ဟမ်းအသင်းဟာ ဘန်လေခံစစ်မှူး ဂျိမ်းစ်တာကောစကီးကို ပေါင် ၂၈ သန်းနဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။
6 months Ago

April 13, 2020

ဘောလုံး ပြန်ကစားလိုဟု ဒဏ်ရာကြောင့် နားနေရသူ ဝီလ်ရှိုင်းယားပြော

ဝက်စ်ဟမ်းအသင်းမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတောင် မလုပ်ရသေးဘဲ ပွဲလည်း လုံလုံလောက်လောက် မကစားခဲ့ရတာကြောင့် ဘောလုံးပြန်ကစားချင်နေပြီလို့ ကွင်းလယ်လူ ဝီလ်ရှိုင်းယားက ပြောပါတယ်။  အင်္ဂလန်ကွင်းလယ်လူ ဝီလ်ရှိုင်းယားဟာ အာဆင်နယ်ကနေ ဝက်စ်ဟမ်းအသင်းဆီကို ပြောင်းရွှေ့ပြီးနောက် ဒဏ်ရာပြဿနာကြောင့် ၁၆ ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။  ပွဲကစားချိန် သိပ်မရှိခဲ့တာကြောင့် ဘောလုံးကစားခြင်းကို အလွန်လွမ်းဆွတ်နေပြီလို့လည်း ပြောပါတယ်။  ဘောလုံးပွဲတွေ ပြန်လည်စတင်ချိန်မှာ မှန်ကန်တဲ့ လမ်းကြောင်းတခုပေါ်  ပြန်ရောက်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး ဘောလုံးသမားတဦး ဆိုတဲ့ ခံစားမှုကို ပြန်လည်ခံစားချင်တယ်လို့လည်း ဝီလ်ရှိုင်းယားက ပြောပါတယ်။
11 months Ago
Up