ဝီလ်ရိူင်းယား

January 15, 2021

အသင်းလက်မဲ့ ဝီလ်ရိူင်းယား ဘုန်းမောက်နှင့် ကာလတိုစာချုပ်ချုပ်ဆိုရန် နီးစပ်

အသင်းလက်မဲ့ဖြစ်နေတဲ့ ကွင်းလယ်လူ ဝီလ်ရိူင်းယားဟာ ဘုန်းမောက်အသင်းနဲ့ ကာလတို စာချုပ်ချုပ်ဖို့ နီးစပ်နေပါတယ်။  ဝက်စ်ဟမ်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက်မှာ လေ့ကျင့်စရာကလပ်အသင်း  ရှာမတွေ့ခဲ့ရတဲ့ ဝီလ်ရိူင်းယားဟာ နောက်ဆုံးမှာတော့ အသင်းဟောင်းဘုန်းမောက်အသင်းမှာ လေ့ကျင့်ခန်းဆင်းခွင့်ရခဲ့ပါတယ်။  ချန်ပီယံရှစ်ကနေ တန်းတက်ဖို့ ရည်မှန်းနေတဲ့ ဘုန်းမောက်နည်းပြ ဂျက်ဆန်တင်ဒယ် ဟာလည်း ဝီလ်ရိူင်းယားရဲ့ ခြေစွမ်းကို ချီးကျူးထားတာပါ။  အသက် ၂၉ နှစ်ရှိ ဝီလ်ရိူင်းယားဟာ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီက ဘုန်းမောက်အသင်းဆီမှာ တစ်ရာသီအငှားစာချုပ်နဲ့ ကစားခဲ့ဖူးပါတယ်။ 
2 years Ago
Up