ဝီလ်နယ်ဒမ်း

July 25, 2021

လီဗာပူးပရိသတ်များ၏ ချစ်ခင် ချီးကျူးမှု မရရှိခဲ့ဟု ဝီလ်နယ်ဒမ်း ဝေဖန်

လီဗာပူးအသင်းမှာရှိနေစဉ်အတွင်း ပရိသတ်တွေရဲ့ ချစ်ခင်မှုနဲ့ ချီးကျူးမှုတွေ ရရှိခဲ့တယ်လို့ မခံစားရကြောင်း ပီအက်စ်ဂျီကစားသမားသစ် ဝီလ်နယ်ဒမ်းက ပြောပါတယ်။ 

ဟော်လန်ကွင်းလယ်လူ ဝီလ်နယ်ဒမ်းဟာ လီဗာပူးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် ပြင်သစ်ကလပ် ပီအက်စ်ဂျီ အသင်းကို ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။ 

လီဗာပူးမှာရှိစဉ်က ချစ်ခင်မှုနဲ့ ချီးကျူးမှုတွေ ရရှိခဲ့တယ်လို့ မခံစားရတာဟာ အသင်းဖော်တွေ၊ အသင်းတာဝန်ရှိသူတွေဆီကမဟုတ်ဘဲ ပရိသတ်တွေဆီကဖြစ်တယ်လို့ ဝီလ်နယ်ဒမ်းက တွစ်တာကနေ ဝေဖန်ခဲ့တာပါ။ 

ဝီလ်နယ်ဒမ်က ပရိသတ်တွေအပေါ် ဝေဖန်တာနဲ့ ပတ်သက်လို့ ကစားသမားဟောင်း ကာရေဂါကလည်း ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ 

ဝီလ်နယ်ဒမ်းကို ချစ်ခင်ပေမယ့် ပရိသတ်တွေကို ဝေဖန်တာက မှန်ကန်တဲ့ အပြုအမှုမဟုတ်ကြောင်း၊ ဆိုရှယ်မီဒီယာမှာ ဖြစ်နေကျကိစ္စသာဖြစ်ကြောင်း၊ လီဗာပူးမှာ လုပ်ခပိုရဖို့ တောင်းဆိုခဲ့ပေမယ့် ကလပ်ဘက်က ဆန္ဒမရှိခဲ့ကြောင်းနဲ့ ဒါတွေဟာ ဘောလုံးလောကမှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ကြောင်း ကာရေဂါက ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

6 months Ago

June 28, 2021

ယူရိုပြိုင်ပွဲမှထွက်ခဲ့ရသည့်အပေါ် ရှင်းပြရန်ခက်ခဲဟု ဟော်လန်ကွင်းလယ်လူ ဝီလ်နယ်ဒမ်း ပြော

နာမည်ကြီးဟော်လန်အသင်းဟာ ချက်အသင်းနဲ့ ကငစားခဲ့တဲ့ ၁၆ သင်းအဆင့် အရှုံးထွက်ပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ရူံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ 

ပထမပိုင်းမှာ ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တဲ့ဟော်လန်အသင်းဟာ ပွဲချိန် ၅၂မိနစ်မှာ နောက်ခံလူ ဒီလစ် အနီကဒ်ပြ အထုတ်ခံခဲ့ရတာကြောင့် ပွဲအလှည့်အပြောင်းဖြစ်စေခဲ့တာပါ။ ပွဲချိန် ၆၈ မိနစ်မှာ သောမက်စ်ဟိုးစ်၏နဲ့ ပွဲချိန်မိနစ် ၈ဝမှာ ပထရစ် ရှစ်ခ်တို့က ချက်အသင်းအတွက်အ နိုင်ဂိုးတွေသွင်းယူခဲ့ပါတယ်။ အုပ်စုပွဲတွေမှာ လှပတဲ့ကစားဟန်နဲ့ နိုင်ပွဲဆက်တိုက်ရခဲ့ပေမယ့် ချက်နဲ့ပွဲမှာတော့ ဘယ်လိုမှ လှုပ်လို့မရခဲ့ကြောင်း အသင်းခေါင်းဆောင်ဝီလ်နယ်ဒမ်းကသုံးသပ်ခဲ့တာပါ။

“ပွဲမတိုင်ခင်က သူတို့ရဲ့ ကစားဟန်က အတော်လေးဝေဖန်ခံခဲ့ရကြောင်း၊ အဲဒီဝေဖန်မှုတွေကို အုပ်စုပွဲစဉ်တွေမှာ ပြောင်းပြန်လှန်နိုင်ခဲ့ကြောင်း၊ အဲဒီ့နေ့ပွဲမှာတော့ လှုပ်မရခဲ့ဘဲ ဘယ်လို ရှင်းပြရမလဲတောင် မသိကြောင်း၊ ရှင်းပြဖို့အလွန်ခက်ခဲ့ပေမယ့် လက်တွေ့မှာတော့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတယ်လို့  ဝီလ်နယ်ဒမ်းကပွဲ အပြီးမှာ ဖွင့်ဟပြောကြားခဲ့တာဖြစ်ပါတယ်။ 

7 months Ago
Up