ဝီလီယံဟိုဆေး

January 21, 2021

ဆိုစီဒက်တိုက်စစ်မှူးကို ခေါ်ရန် ဝုဗ်အသင်း သဘောတူ

ဝုဗ်အသင်းဟာ ဆိုစီဒက်တိုက်စစ်မှူး ဝီလီယံဟိုဆေးကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။  အားထားရတဲ့ တိုက်စစ်မှူး ဂျီမီနက်ဇ်က ဦးခေါင်းဒဏ်ရာကြောင့် အနားယူနေရတာကြောင့် တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ အခုလဆန်းပိုင်းကတည်းက ရှာဖွေနေတာ ဖြစ်ပါတယ်။ အသက် ၂၉ နှစ်ရှိ ဘရာဇီးတိုက်စစ်မှူး ဝီလီယံဟိုဆေးဟာ ဆိုစီဒက်နဲ့ ၅ နှစ်တာ ကာလ အတွင်းမှာ  ၁၇၀ ပွဲ ကစားခဲ့ပြီး ၆၂ ဂိုးသွင်းယူထားတာပါ။  မနေ့က ကစားခဲ့တဲ့  ကော်ဒိုဘာနဲ့ စပိန် ကိုပါဒယ်ရေးဖလားမှာ ဝီလီယံဟိုဆေးက ၂ ဂိုး သွင်းယူပြီး ခြေစွမ်းပြခဲ့ပါသေးတယ်။  ဝုဗ်အသင်းဟာ ဖီအိုရင်တီးနားမှာ အငှားချထားတဲ့ တိုက်စစ်မှူး  ကူထရုန်းကိုလည်း  ပြန်လည်ခေါ်ယူထား ပါတယ်။ 
9 months Ago
Up