ဝီလီယံ

September 16, 2020

အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာရန် အော်စကာကို  လူးဝစ္စနှင့် ဝီလီယံ ဖိတ်ခေါ်

ဘရာဇီး အသင်းဖော်တွေဖြစ်တဲ့ ဒေးဗစ်လူးဝစ္စနဲ့ ဝီလီယံတို့က အာဆင်နယ်အသင်းမှာ လာကစားဖို့ သူ့ကို တိုက်တွန်းနေတယ်လို့ အော်စကာက ပြောပါတယ်။  လူးဝစ္စ၊ ဝီလီယံနဲ့ အော်စကာတို့ ၃ ဦးစလုံးဟာ ချဲလ်ဆီးအသင်းမှာ ကစားခဲ့ဖူးသူတွေပါ။ လက်ရှိအချိန်မှာ လူးဝစ္စနဲ့ ဝီလီယံတို့ဟာ အာဆင်နယ်အသင်းကို ရောက်ရှိနေပြီဖြစ်ပြီး ကွင်းလယ် ဖန်တီးရှင် အော်စကာကတော့ တရုတ်ကလပ် ရှန်ဟိုင်း SIPG အသင်းမှာ ကစားနေပါတယ်။ Fox Sports Brasil နဲ့ တွေ့ဆုံခဲ့ရာမှာ အော်စကာက “ကျနော်တို့ ၃ ယောက်ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာကြောင့် သူတို့က ကျနော်နဲ့ စကားပြောလေ့ရှိပါတယ်။ သူတို့က ကျနော့်ကို အာဆင်နယ်အသင်းမှာ လာကစားဖို့ ဖိတ်ခေါ်ကြပါတယ်။ ဒါပေမဲ့ ကျနော့်အတွက် ဒါဟာ လွယ်တော့မလွယ်ပါဘူး။ ကျနော်ဟာ ရှန်ဟိုင်းအသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးသလို ဒီကနေ ထွက်ခွာဖို့လည်း ခက်ခဲပါတယ်။ ဝီလီယံက စာချုပ်ကုန်သွားလို့ အာဆင်နယ်အသင်းကို ရောက်ရှိခဲ့တာပါ‌။ သူနဲ့ ဒေးဗစ်လူးဝစ္စတို့ တသင်းတည်းမှာ တူတူကစားနေတာ တွေ့ရတော့ ကျနော် ဝမ်းသာပါတယ်။ ဝီလီယံကလည်း ဝမ်းသာနေပါတယ်။ သူ ဝမ်းသာတော့ ကျနော်လည်း ဝမ်းသာပါတယ်။ ကျနော် ဥရောပကို ပြန်ချင်နေပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ကျနော် ရှန်ဟိုင်းအသင်းနဲ့ စာချုပ်က ရှိနေဆဲဖြစ်ပြီးတော့ ဒါကို အပြီးသတ်အောင် ကစားသွားချင်ပါတယ်။ ကျနော့်မှာ ရှုပ်ထွေးနေတဲ့ အခြေအနေတွေရှိနေတာကြောင့် စာချုပ်ပြည့်မှပဲ ဒီအသင်းကနေ ထွက်ခွာဖို့ စဉ်းစားပါတော့မယ် ”လို့ ပြောပါတယ်။  အော်စကာဟာ ချဲလ်ဆီးအသင်းနဲ့ ၅ နှစ်တာကာလအတွင်း ၂၀၃ ပွဲ ကစားပေးခဲ့ပြီး ၃၈ ဂိုး သွင်းယူပေးခဲ့ပါတယ်။ သူဟာ ၂၀၁၇ ဇန်နဝါရီမှာ ပေါင်သန်း ၆၀ နဲ့ တရုတ်လိဂ်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အနာဂတ်မှာ သင့်တော်တဲ့ အခွင့်အရေးသာရမယ်ဆိုရင် ပရီးမီးယားလိဂ်ကို ပြန်လာမယ်လို့လည်း ထုတ်ဖော်ဝန်ခံခဲ့ဖူးပါတယ်။   ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိလာမယ်ဆိုရင် ဦးစားပေးအဖြစ် သူ့ရဲ့ အသင်းဟောင်း ချဲလ်ဆီးကို ရွေးချယ်သွားမယ်လို့ အော်စကာက ထပ်မံပြောကြားခဲ့ပြီး ဘရာဇီး ကစားသမားများတဲ့ စီးရီးအေကိုလည်း ပြောင်းရွှေ့နိုင်ဖွယ်ရှိတယ်လို့ သူက ဆိုပါတယ်။
9 months Ago

August 30, 2020

ဝီလီယံက အာဆင်နယ်နှင့်အတူ ဆုဖလားများရယူရန် ဆန္ဒပြင်းပြနေဟု အာတီတာ ချီးကျူး

ကစားသမားသစ် ဝီလီယံဟာ အာဆင်နယ်နဲ့အတူ ဆုဖလားတွေ ထပ်မံရယူဖို့ ဆာလောင် ပြင်းပြနေသူ ဖြစ်တယ်လို့ နည်းပြအာတီတာက ချီးကျူးလိုက်ပါတယ်။ အသက် ၃၂ နှစ်ရှိ တောင်ပံကစားသမား ဝီလီယံဟာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီးနောက် အာဆင်နယ်ကို ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ ဝီလီယံဟာ သူ့ရဲ့ကစားသမားဘဝတလျှောက် ရရှိခဲ့တဲ့ ဆုဖလားတွေနဲ့ ကျေနပ်နိုင်သူ မဟုတ်ဘဲ အာဆင်နယ်အသင်းနဲ့လည်း ဆုဖလားတွေ ဆက်လက်ရယူနိုင်ဖို့ ဆန္ဒပြင်းပြနေသူ ဖြစ်တယ်လို့ နည်းပြ အာတီတာက ချီးကျူးပါတယ်။ အသင်းအတွက် အောင်မြင်မှုတွေရယူပေးဖို့ ဆန္ဒရှိသူတွေကို သဘောကျပြီး ဝီလီယံနဲ့ စတင်တွေ့ဆုံစဉ်ကတည်းက သူ့ရဲ့ဆန္ဒကို သိရှိခဲ့တယ်လို့ အာတီတာက ပြောပါတယ်။ ဝီလီယံဟာ ချဲလ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ ၂ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်နဲ့ ယူရိုပါလိဂ်ဖလား ၁ ကြိမ် အပါအဝင် ကစာသမားဘဝတလျှောက် စုစုပေါင်း ဆုဖလား ၁၈ လုံး ရယူထားပါတယ်။ 
10 months Ago
More News
Up