ဝီဂန်ကို ၂ ဂိုး ၁ ဂိုးဖြင့်နိုင်ပြီး ဘရိုက်တန်အသင်း ပရီးမီးယားလိဂ် တန်းတက်ခွင့်ရ

April 18, 2017

ဝီဂန်ကို ၂ ဂိုး ၁ ဂိုးဖြင့်နိုင်ပြီး ဘရိုက်တန်အသင်း ပရီးမီးယားလိဂ် တန်းတက်ခွင့်ရ (ရုပ်သံဟိုက်လိုက်)

အင်္ဂလန် ချန်ပီယံရှစ်တန်းရဲ့ မနေ့ညက ယှဉ်ပြိုင်သွားတဲ့ပွဲစဉ်မှာ ဘရိုက်တန် အန် ဟိုဗ် အယ်လ်ဘီယွန် (Brighton and Hove Albion) အသင်းက ဝီဂန် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရသွားပါတယ်။ ဘရိုက်တန်အသင်းဟာ ကစားပြီးတဲ့ ၄၂ ပွဲမှာ ၉၂ မှတ်ရပြီး လောလောဆယ် အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။ လက်ကျန်ပွဲ ၃  ပွဲ ကစားဖို့ ကျန်ပေမယ့်လည်း ဒုတိယနေရာက နယူးကာဆယ်ကို ၇ မှတ်၊ တတိယနေရာက ရက်ဒင်းကို ၁၃ မှတ် ဖြတ်ထားနိုင်လိုက်ပါတယ်။ ချန်ပီယံရှစ်တန်းက အမှတ်အများဆုံးရတဲ့ ၂ သင်းက ပရီးမီးယားလိဂ်ကို တိုက်ရိုက် တန်းတက်ခွင့်ရတာ ဖြစ်ပါတယ်။ ဘရိုက်တန်အသင်းဟာ ပရီးမီးယားလိဂ်မှာ တန်းတက်ခွင့်ရဖို့ ၃၄ နှစ်ကြာ စောင့်ဆိုင်းခဲ့ရပါတယ်။
4 years Ago
Up