ဝီဂန်ကို ဂိုးပြတ်နိုင်ပြီး မန်ယူ အက်ဖ်အေဖလား နောက်တဆင့်တက်

January 30, 2017

ဝီဂန်ကို ဂိုးပြတ်နိုင်ပြီး မန်ယူ အက်ဖ်အေဖလား နောက်တဆင့်တက် (ရုပ်သံဟိုက်လိုက်)

အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် မန်ယူနဲ့ ဝီဂန်တို့ ဇန်နဝါရီ ၂၉ ရက်ညက ယှဉ်ပြိုင်ရာ မန်ယူက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲ မစတင်ခင်မှာ မန်ယူအသင်းအတွက် ဂိုး ၂၅၀ သွင်းပြီး စံချိန်သစ်တင်ခဲ့တဲ့ တိုက်စစ်မှူး ဝိန်းရွန်နီကို အရင် စံချိန်ရှင်ဟောင်း ဆြာဘော်ဘီချာတန်က ရွှေဖိနပ်ဆု ချီးမြှင့်ခဲ့ပါတယ်။ မန်ယူဟာ ဒီပွဲမှာ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျကို အရန်ခုံမှာထိုင်ခိုင်းခဲ့သလို ပေါ့ဂ်ဘာကိုလည်း အနားပေးခဲ့ပြီး အသင်းခေါင်းဆောင် ရွန်နီ၊ မာရှယ်၊ မာတာ၊ အမ်ခီတာရန်း၊ ရှဝိန်းစတိုင်ဂါ၊ ဖယ်လိုင်နီ၊ စကောလင်း စသူတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ မန်ယူဟာ ဂိုးကန်သွင်းခွင့်ရော ဘောလုံးပိုင်ဆိုင်မှုမှာပါ အသာစီးရခဲ့ပါတယ်။ မန်ယူအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၄၄ မိနစ်မှာ ဖယ်လိုင်နီ၊ ၅၇ မိနစ်မှာ စမောလင်း၊ ၇၄ မိနစ်မှာ အမ်ခီတာရန်းနဲ့ ၈၁ မိနစ်မှာ ရှဝိန်းစတိုင်ဂါတို့က သွင်းယူပေးခဲ့ပါတယ်။
5 years Ago
Up