ဝီချက်

A d v e r t i s e m e n t With Us

September 20, 2020

အမေရိကန်တွင် တစ်ခ်တော့ခ်နှင့်ဝီချက် အပလီကေးရှင်းများ ယနေ့ညစပိတ်မည်

အမေရိကန်နိုင်ငံအတွင်း ရုပ်သံအတိုတွေ မျှဝေတဲ့ တစ်ခ်တော့ခ်နဲ့ ဝီချတ် အပလီကေးရှင်း တွေ ရောင်းချတာကို အမေရိကန်အစိုးရက စက်တင်ဘာ ၂၀ ရက်ညကစပြီး တားမြစ်ပိတ်ပင်တော့မယ်လို့ သိရပါတယ်။  နိုင်ငံ လုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် စိုးရိမ်နေလို့ တရုတ်အခြေစိုက် အပလီကေးရှင်းတွေကို အင်တာနက်ပေါ်ကနေ ဒေါင်းလုပ်ဆွဲလို့ မရအောင် အမေရိကန်နိုင်ငံသားတွေကို တားမြစ် ပိတ်ပင်မှာလည်း ဖြစ်ပါတယ်။  စက်တင်ဘာ ၁၈ ရက်က ကြေညာတဲ့တားမြစ်ပိတ်ပင်ချက်ဟာ အသစ်ဒေါင်းလုပ် ဆွဲတာနဲ့ အပလီကေးရှင်းအဟောင်းတွေကို အပ်ဒိတ်လုပ်တာတွေအပေါ်မှာသာ သက်ရောက်မှာဖြစ်ပြီး မျှော်လင့်ထားသလောက် အကြီးအကျယ် ပိတ်ပင်တာတော့ မဟုတ်ဘူးလို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။ တစ်ခ်တော့ခ်ရဲ့ မိခင်လုပ်ငန်းစု ဘိုက်ဒန့်စ်ကုမ္ပဏီအတွက် အမေရိကန်နိုင်ငံအတွင်း လုပ်ငန်းလည်ပတ်ခွင့် ကံကြမ္မာဆိုင်ရာ သဘောတူညီချက် အပြီးသတ်ရနိုင်ဖို့ အသက်ရှူပေါက် ချန်ပေးတာလည်း ဖြစ်ပါတယ်။ စာတိုပေးပို့တာ၊ လူမှုကွန်ရက်နဲ့ ငွေပေးချေမှုတွေကို အီလက်ထရောနစ် နည်းပညာသုံး ဆောင်ရွက် ပေးတာအပါအဝင် လုပ်ငန်းစဉ်တွေ ဆောင်ရွက်နိုင်တဲ့ WeChat အပလီကေးရှင်း ကတော့ စက်တင်ဘာ ၂၀ ကစပြီး ပိုပြင်းထန်တဲ့ ကန့်သတ်ချက်တွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
4 months Ago
Up