ဝီကီလိခ် တည်ထောင်သူ ဂျူလီယန်အက်ဆန်က အမေရိကန်နိုင်ငံဆီ သူ့ကို လွှဲပေးမယ့်ကိစ္စကို အချိန်ထပ်ပေးဖို့ ကြိုးပမ်းခဲ့ပေမယ့် ဗြိတိန် တရားရုံးက ပယ်ချလိုက်ပါတယ်။
စက်တင်ဘာ ၇ ရက် ကြားနာမှုအတွင်း အက်ဆန်က သူ့ကို အမေရိကန်ဆီ လွှဲမပေးဖို့ တရားဝင် ငြင်းဆန်ခဲ့ပါတယ်။
ဝီကီလိခ် တည်ထောင်သူ အက်ဆန်ဟာ ဇွန်လတုန်းက အမေရိကန် အာဏာပိုင်တွေက ထုတ်ပြန်ခဲ့တဲ့ ပိုမိုကျယ်ပြန့်တဲ့ အစားထိုးစွဲချက်သစ်နဲ့ ရင်ဆိုင်နေရပါတယ်။
စွဲချက်သစ်မှာ အစိုးရ ကွန်ပျူတာတွေကို ဖောက်ထွင်းဖို့ ကြံစည်မှု၊ သူလျှိုမှု စတဲ့ ပြစ်မှု ၁၈ ခု ပါဝင်ပါတယ်။
အမေရိကန် အာဏာပိုင်တွေရဲ့ စွပ်စွဲချက်အသစ်တွေနဲ့ပတ်သက်လို့ စဉ်းစားဖို့ရာ ဇန်နဝါရီလက အချိန်ထပ်ပေးဖို့ အက်ဆန်ရဲ့ ရှေ့နေက လျှောက်လဲခဲ့ပေမယ့် တရားသူကြီးက ပယ်ချခဲ့ပါတယ်။
အက်ဆန်ဟာ အမေရိကန်အစိုးရရဲ့ အာဏာအလွဲသုံးစားမှုကို ဖော်ထုတ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေး ချန်ပီယံဆိုပြီး နှစ်သက်သူတွေက ရှုမြင်ပါတယ်။
ဒါပေမဲ့ ဆင်ဆာမဖြတ်ရသေးတဲ့ စာရွက်စာတမ်းတွေကို ထုတ်ဝေပြီး အက်ဆန်ဟာ ထောက်လှမ်းရေးသတင်းရင်းမြစ်တွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်အောင် လုပ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။
6 months Ago