ဝီကိလိခ်

A d v e r t i s e m e n t With Us

March 13, 2020

အမေရိကန်စစ်ရေးလျို့ဝှက်ချက် ဝီကိလိခ်တွင်ဖွင့်ချခဲ့သူ စစ်ထောက်လှမ်းရေးဟောင်းကို ပြန်လွှတ် 

ဝီကီလိခ်နဲ့ပူးပေါင်းပြီး စစ်ရေးလျှို့ဝှက်ချက်တွေကို ဖွင့်ချခဲ့လို့ ထောင်ဒဏ်ကျခံနေတဲ့ အမေရိကန်စစ်ထောက်လှမ်းရေးပညာရှင်ဟောင်း ချယ်လ်ဆီးမန်းနင်းကို တရားသူကြီးက ပြန်လွှတ်ပေးဖို့ မတ်လ ၁၂ ရက်က  အမိန့်ချလိုက်ပါတယ်။ မန်းနင်းဟာ ဝီကီလိခ်အကြောင်း အမေရိကန်အစိုးရရဲ့စုံစမ်းမှုမှာ ပါဝင်အစစ်ခံပေးဖို့ ငြင်းဆန်ခဲ့လို့ မေလကကည်းက  ရမန်ယူပြီး အာမခံနဲ့ ဗာဂျင်းနီးယားပြည်နယ်မှာ အထိန်းသိမ်းခံ နေရတာပါ။  မန်းနင်းကို မတ်လ ၁၃ မှာ ရုံးတော်မှာထွက်ဆိုဖို့ ဆင့်ခေါ်ထားပေမဲ့ ထိန်းသိမ်းခံထားရာ နေရာမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့လုပ်ခဲ့ပြီးနောက် ကြာသပတေးနေ့မှာ တရားသူကြီးက ပြန်လွှတ်ဖို့ အမိန့်ချခဲ့တာပါ။  မန်းနင်းဟာ တာဝန်ရှိသူတွေရဲ့စုံစမ်းမှုကို ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်ခဲ့တာကြောင့် ဒဏ်ငွေဒေါ်လာ နှစ်သိန်းခွဲအပြည့် ပေးဆောင်ဖို့ကိုတော့ တရားသူကြီးက အမိန့်ချခံခဲ့ရပါတယ်။ ချယ်ဆီးမန်းနင်းဟာ အာဖဂန်စစ်ပွဲနဲ့ပတ်သက်လို့ အမေရိကန်စစ်တပ်လျှို့ဝှက်ချက်တွေ ထောင်ပေါင်းများစွာကို ဝီကီလိခ်ဝက်ဘ်ဆိုက်ဆီ ဖွင့်ချမှုနဲ့ ထောင်ဒဏ် ၃၅ နှစ်ချမှတ်ခံခဲ့ရပြီး ၂၀၁၇ မှာတော့ သမ္မတအိုဘားမားက သူရဲ့ လက်ကျန်ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးခဲ့ပါတယ်။
12 months Ago
Up