ဝိုင်းမော်မြို့နယ်

A d v e r t i s e m e n t With Us

January 22, 2021

ဝိုင်းမော်မြို့၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့ လူနာ ၉ ဦး စံချိန်တင်တွေ့

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှာ ‌ဇန်နဝါရီ ၂၁ ရက်က တစ်ရက်ထဲ ပိုးတွေ့လူနာ ၉ ယောက် အထိ စံချိန်တင်တွေ့ရှိခဲ့တယ်လို့ မြို့နယ်ကုသရေးဦးစီးဌာနက သိရပါတယ်။ ဇန်နဝါရီ ၁၉ ရက် မှာတွေ့ရှိခဲ့တဲ့ မြစ်ကြီးနားပိုးတွေ့လူနာတွေနဲ့ ဆက်စပ်သူတွေကို စုံစမ်းစစ်ဆေးရာမှ မိုင်းနားကျေးရွာအုပ်စု မခေါယန်မှာ အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၃ ယောက် စုစုပေါင်း ၈ ယောက်နဲ့  ဝိုင်းမော်အားကစားရုံမှာ တွဲကားသမားတွေကို စစ်ဆေး‌ပေးရာမှာ ယာဉ်မောင်း ၁ ယောက် တို့မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိ ပိုး‌တွေ့လူနာတွေကို ဝိုင်းမော်မြို့နယ်ဆေးရုံမှာ ကုသပေးနေကာ လူနာတွေနဲ့ ဆက်စပ်တဲ့ မိသားစု၀င်‌တွေကို ၂၁ ရက် အသွားအလာကန့်သတ်ထားပြီး လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သိန်းမြို့က ပြောပါတယ်။  ဝိုင်းမော်မြို့မှာ အရင်က ရန်ကုန်ပြန်၊ မန္တလေးကပြန်လာသူတွေမှာသာ ရောဂါပိုးတွေ့ရှိခဲ့ရာမှ အခုတစ်ခေါက်မှာ တစ်ရက်ထဲစံချိန်တင် ၉ ယောက်အထိတွေ့ရှိကာ မြစ်ကြီးနား၊ ဝိုင်းမော် ဒေသတွင်းကူးစက်မှုစတင်‌နေပြီဖြစ်လို့ လူစုလူဝေးမပြုလုပ်ဖို့နဲ့ ကိုဗစ်စည်းကမ်းလိုက်နာဖို့ မြို့နယ်ဆရာ၀န်ကြီးက သတိပေးတိုက်တွန်းထားပါတယ်။ ကချင်ပြည်နယ်မှာ စုစုပေါင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၈၁၀ ယောက်အထိရှိကာ  လက်ရှိကုသဆဲလူနာ စုစုပေါင်း ၁၁၇ ယောက်အထိရှိပါတယ်။ သတင်း - ဇုန်းကျန်း CJ
5 days Ago

November 14, 2020

ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် မိုင်းရှင်းလင်း

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဒဘတ်ယာန်ကျေးရွာက စစ်ရှောင်ပြည်သူတွေ လုံခြုံစွာ နေရပ်ပြန်နိုင်ဖို့အတွက် မိုင်းရှင်းလင်းတာတွေကို နိုဝင်ဘာ ၁၃ ရက်နေ့ကနေ စတင်ဆောင်ရွက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပူတာအိုဘက်မှာ လက်တွေ့အိမ်ဆောက်ပေးနေပြီဖြစ်ကာ ဝိုင်း‌မော်၊ ဒဘတ်ယာန်ကျေးရွာမှာက မိုင်းရှင်းလင်းခြင်း လုပ်ဆောင်ဖို့ လိုအပ်တဲ့အတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မိုင်းရှင်းလင်းရေးအဖွဲ့တွေနဲ့ စတင်လုပ်ဆောင်နေတာလို့ ကချင်စစ်ဘေးရှောင်ပြည်သူများ ကူညီစောင့်ရှောက်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ KHCC အဖွဲ့က ဆရာခါးလီက ပြောပါတယ်။  အိမ်ခြေ ၆ ခုကို စတင်ရှင်းလင်းနိုင်ခဲ့ပြီး မိုင်းရှင်းလင်းပြီးပါက လူနေ အိမ်ဆောက်လုပ်ရေးကို ဖေဖော်ဝါရီအကုန်မှာ အပြီးသတ်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။   စစ်ရှောင်‌ဒေသခံ ပြည်သူအိမ်‌ခြေ ၂၀၀ ကျော်ကတော့ ဧပြီလလောက်မှာ နေရပ်ပြန်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။  ၂၀၁၉ ခုနှစ်က စတင်ကာ စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်နိုင်ရေး စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး  နိုဝင်ဘာ ၁၂ ရက်နေ့က ဝိုင်းမော်မြို့နယ် ဒဘတ်ယာန်‌ကျေးရွာမှာ မြေယာပိုင်ဆိုင်မှုတွေကို သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ စိစစ်တဲ့အပိုင်းတွေကို စတင်လုပ်ဆောင်နိုင်ခဲ့ပြီလို့ သိရပါတယ်။ သတင်း - ဇုန်းကျန်း
2 months Ago
Up