ဝိုင်းမော်

A d v e r t i s e m e n t With Us

January 10, 2021

ဝိုင်းမော်တွင် တိုက်ပွဲရှောင်ပြည်သူများ ပြန်နေထိုင်နိုင်ရန် တပ်မတော်က မိုင်းရှင်းပေးခဲ့

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲရှောင်ပြည်သူတွေ ပြန်နေထိုင်နိုင်ဖို့ မိုင်းရှင်းပေးခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။

လဖိုင်ရွာမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ ကျေးရွာရှိ နေအိမ် ၁၀၉ လုံး၊ ဘုရားရှိခိုးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘောလုံးကွင်း ၁ ကွင်း၊ ကျေးလက်ဆေးပေးခန်း ၁ လုံး၊ အသင်းတော်ရုံး ၂ ရုံးနဲ့ မူကြိုကျောင်း ၁ ကျောင်းတို့အား မိုင်းရှင်းလင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားတွေက ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၉ ရက်ကစလို့ မိုင်းရှင်းလင်းပေးခဲ့တာဖြစ်ပြီး လဖိုင်ရွာ တာဝန်ခံ ဦးဇော်လွမ်ဆီကို နယ်မြေခံတပ်မတော်သားတွေက မိုင်းရှင်းလင်းခဲ့တဲ့ မှတ်တမ်း ဓာတ်ပုံတွေ လွှဲပြောင်း ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

3 weeks Ago

December 27, 2020

ဝိုင်းမော်တွင် တစ်သျှူးငှက်ပျောကား တိမ်းမှောက်မှုကြောင့် တရုတ်-မြန်မာ ချစ်ကြည်ရေးတံတား ပျက်စီး

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာမှာ ဒီဇင်ဘာ ၂၆ ရက်နေ့မနက်က တစ်သျှူးငှက်ပျော တင်ဆောင်လာတဲ့ တွဲကားတစ်စီး အရှိန်လွန်တိမ်းမှောက်ခဲ့တာကြောင့် အဲဒီ‌ကျေးရွာမှာရှိတဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေးတံတား ဘေးဘောင်တွေ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၁ ၀န်းကျင်က တည်ဆောက်ထားတဲ့ ချစ်ကြည်‌ရေးတံတားပေါ်မှာ ညသန်းခေါင်၀န်းကျင် တိမ်းမှောက်ခဲ့တာဖြစ်ပြီး ဘရိတ်အုပ်ရာတွေအရ အရှိန်နဲ့မောင်းလာတာကြောင့် တိမ်းမှောက်တာ ဖြစ်နိုင်တယ်လို့ ဝါးရှောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆာမူအေးလက DVB ကို ပြောပါတယ်။ ယာဉ်တိမ်းမှောက်မှု‌နဲ့ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူကို ဝိုင်းမော်မြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး အမှုဖွင့် အရေးယူထားတယ်လို့ စခန်းမှူး ဒုရဲမှူးထွန်းထွန်းနိုင်က အတည်ပြုပြောပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် ချစ်ကြည်ရေးတံတား ဘေးဘောင်တွေ ပျက်စီးကျိုးကျသွားခဲ့ကာ လမ်းပိတ်ဆို့မှုလည်း ဖြစ်ပွားခဲ့သလို တံတားလမ်းမ‌ပေါ် ပြန့်ကျဲနေတဲ့ တစ်သျှူးငှက်ပျောဖာတွေကိုလည်း ရွာခံတွေက တာ၀န်ယူ ရှင်းလင်းနေရတယ်လို့ သိရပါတယ်။ လက်ရှိမှာ ငှက်ပျောရာသီဖြစ်ကာ ကျေးရွာတွင်းလမ်းတွေက ကျဉ်းပေမဲ့ ကားသမားတွေက အရှိန်နဲ့ မောင်းတာကြောင့် မကြာခဏ ယာဉ်တိုက်မှု၊ တိမ်းမှောက်မှုတွေ ဖြစ်နေပြီး တစ်သျှူးငှက်ပျောတင် တွဲယာဉ်မောင်းတွေ အရှိန်လျှော့မောင်းပေးကြဖို့ ဝါးရှောင်ကျေးရွာအုပ်ချုပ်ရေးမှူးက မေတ္တာရပ်ခံထားပါတယ်။ သတင်း - ဇုန်းကျန်း CJ
1 month Ago
More News
Up