ဝိန်းရွန်းနီ

September 9, 2021

ရော်နယ်ဒိုကြောင့် မန်ယူအသင်းချန်ပီယံဆုကို စိန်ခေါ်နိုင်မည်ဟု ဝိန်းရွန်းနီ သုံးသပ်

မန်ယူနိုက်တက်အသင်းအနေနဲ့ ရော်နယ်ဒိုကို ခေါ်ယူခဲ့တာကြောင့် ချန်ပီယံဆုဖလားကို စိန်ခေါ်နိုင်  တော့မှာဖြစ်တယ်လို့ အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်းနီကသုံးသပ်ပါတယ်။ 

ပရီးမီးယားလိဂ်က ကြံ့ခိုင်မှုကို အားပြုပေမယ့် ရော်နယ်ဒိုဟာလည်း ကောင်းမွန်နေဆဲဆိုတာကို အိုင်ယာလန်နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကသက်သေဖြစ်ပြီး ယူနိုက်တက်မှာ ဂိုးတွေအများကြီး ထပ်သွင်းလိမ့်မယ်လို့ ဝိန်းရွန်းနီက မှတ်ချက်ပေးပါတယ်။

မန်ယူနိုက်တက်အတွက်သာမက ပရီးမီးယားလိဂ်အတွက်ပါ အကျိုး သက်ရောက်မှုကောင်းမွန်ပြီး ခရစ္စတီယာနိုက ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ် တယ်လို့ရွန်းနီက ပြောပါတယ်။

“ယူနိုက်တက်ဟာ နောက်ဆုံးမှာတော့ ချန်ပီယံဆုဖလားကို စိန်ခေါ်နိုင်ဖို့ အသင့်ဖြစ်လာခဲ့ပါပြီ။ ပြီးတော့ ဒီရာသီမှာ လုပ်ဆောင်ပြဖို့ လိုတယ်လို့လည်း ကျနော် ခံစားမိပါတယ်။ခရစ္စတီယာနိုအနေနဲ့ ဂိုးတွေအများကြီးသွင်းနိုင်လိမ့်မယ်ဆိုတာ သေချာပါတယ်” လို့ ချန်ပီယံရှစ်ကလပ် ဒါဘီနည်းပြ ဝိန်းရွန်းနီက ပြောပါတယ်။ 

အသင်းတာဝန်နဲ့ မိသားစုကိစ္စတွေကြောင့် ရော်နယ်ဒိုနဲ့ တွေ့ဆုံရခြင်း မရှိသေးကြောင်းလည်း ရွန်းနီက ပြောခဲ့ပါတယ်။ 

2 months Ago

July 26, 2021

စီနီယာကစားသမား ၉ ဦးသာရှိသဖြင့် လူသစ်ခေါ်ယူပေးရန် ဒါဘီနည်းပြ ဝိန်းရွန်းနီ တောင်းဆို

ချန်ပီယံရှစ်ကလပ်ဒါဘီအသင်းမှာ စီနီယာကစားသမား ၉ ဦးသာရှိနေတဲ့အတွက် ကစားသမားသစ်တွေ ခေါ်ယူပေးဖို့ အသင်းတာဝန်ရှိသူတွေကို နည်းပြ ဝိန်းရွန်းနီက တောင်းဆိုလိုက်ပါတယ်။ 

ဒါဘီအသင်းဟာ စာချုပ်ချုပ်ဆိုထားတဲ့ စီနီယာအဆင့် ကစားသမား ၉ ဦးသာရှိပြီး အဲဒီထဲက ၂ ဦးကလည်း ဂိုးသမားတွေဖြစ်တယ်လို့ သိရပါတယ်။ 

ယူ ၂၃ နဲ့ ယူ ၁၈ က ကစားသမားတွေနဲ့ အစားထိုးဖြည့်တင်းထားပြီး ယူနိုက်တက်ကစားသမားဟောင်း မောရစ်ဆင်ကို ခြေစွမ်းစမ်းသပ်နေပေမယ့် စာချုပ်ချုပ်ဆိုရ ခြင်းတော့ မရှိသေးပါဘူး။ 

နှစ်ပတ်အတွင်းမှာ ကစားသမားသစ်ဝယ်ယူ မပေးဘူးဆိုရင်တော့ ကစားကွက်ကို ဘယ်လို တည်ဆောက်ရမလဲတောင် မသိတော့ကြောင်း နည်းပြဝိန်းရွန်းနီက ပြောပါတယ်။ 

နည်းပြ ဝိန်းရွန်းနီက  “လာမယ့် ၂ ပတ်အတွင်း ကစားသမားသစ်ရောက်မလာရင်တော့ ဘယ်လိုကစားကွက် ခင်းရမလဲတောင် မသိတော့ပါဘူး။ ဗဟိုခံစစ်မှူးတစ်ဦးတောင် မခေါ်ယူနိုင်သေးပါဘူး။ ယူ ၂၃ နဲ့ ယူ ၁၈ က ငယ်ရွယ်တဲ့ ကစားသမားတွေနဲ့ အစားထိုးထားရတယ်။ ဒါက အသင်တစ်သင်းကို တည်ဆောက်ဖို့ မဖြစ်နိုင်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီအခြေအနေက တခြားမန်နေဂျာတစ် ယောက်ဆိုရင် နုတ်ထွက်သွားလောက်ပါပြီ။ ဒါပေမယ့် ကျနော်က စိန်ခေါ်မှုကိုကြိုက်တယ်။ ကျနော်က ဖိုက်တာတစ်ယောက်ပါ။ အသင်းက အခွင့်အရေးပေးထားတဲ့အပေါ် ကျေးဇူးတင်ပြီး ဖြစ်နိုင်သမျှ အရာအားလုံးလုပ် ဆောင်သွားမှာပါ” လို့ ပြောပါတယ်။

ရွန်းနီရဲ့ ဒါဘီအသင်းဟာ ဇူလိုင် ၁၈ ရက်က မန်ယူနဲ့ ခြေစမ်းပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဆဲလ်ဖို့ဒ်နဲ့ပွဲမှာလည်း ၂ ဂိုး ၁ ဂိုးနဲ့ပဲ ရှုံးနိမ့်ခဲ့ပါတယ်။ 

3 months Ago
More News
Up