ဝိန်းစတိန်း

A d v e r t i s e m e n t With Us

February 25, 2020

ဟောလိဝုဒ်ရုပ်ရှင် ထုတ်လုပ်သူဟောင်း ဝိန်းစတိန်း ပြစ်မှုထင်ရှားကြောင်း တရားရုံး ဆုံးဖြတ်

#MeToo လှုပ်ရှားမှုအတွက် သမိုင်းမှတ်တိုင်စီရင်ချက်အဖြစ် ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူဟောင်း ဟာဗေးဝိန်းစတိန်းကို လိင်ပိုင်းစော်ကားမှုနဲ့  အဓမ္မပြုကျင့်မှုတို့မှာ ပြစ်မှုထင်ရှားကြောင်း နယူးယောက် တရားရုံးက ဖေဖော်ဝါရီ ၂၄ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။ ၂၀၀၆ ခုနှစ်တုန်းက ထုတ်လုပ်သူလက်ထောက်ဟောင်း မီမီဟာလေးကို လိင်ပိုင်းစော်ကားမှုနဲ့ ၂၀၁၃ ခုနှစ်မှာ ရုပ်ရှင်သရုပ်ဆောင် ဂျက်ဆီကာမန်းကို အဓမ္မပြုကျင့်မှုတို့မှာ  ဝိန်းစတိန်း ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။  ဒီလို ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်လိုက်တဲ့အတွက် သြဇာအကြီးဆုံး ရုပ်ရှင်ထုတ်လုပ်သူတွေထဲက တဦးဖြစ်တဲ့ ဝိန်းစတိန်းဟာ ထောင်ဒဏ် ၂၅ နှစ်အထိ ရင်ဆိုင်ရဖွယ်ရှိပါတယ်။ တသက်တကျွန်းအထိ ပြစ်ဒဏ်ကျနိုင်တဲ့ ကြီးမားတဲ့ စွဲချက်တွေအတွက်တော့ နယူးယောက် တရားရုံးက ဝိန်းစတိန်းကို တရားသေ လွှတ်ခဲ့ပါတယ်။ ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ပြီးနောက်မှာ တရားသူကြီး ဂျိမ်းစ်ဘာ့ခ်က ဝိန်းစတိန်းကို ထိန်းသိမ်းဖို့ ညွှန်ကြားခဲ့ပြီး တရားရုံးရဲတွေက ဝိန်းစတိန်းကို လက်ထိတ်ခတ်ခဲ့ပါတယ်။  ဝိန်းစတိန်းအတွက် ပြစ်ဒဏ်ကို မတ် ၁၁ ရက်မှာ ချမှတ်သွားမှာ ဖြစ်ပြီး တရားရုံး ဆုံးဖြတ်ချက်အပြီးမှာ ရင်ဘတ်အောင့်တဲ့ ဝေဒနာကြောင့် အသက် ၆၇ နှစ်ရွယ် ဝိန်းစတိန်းကို ဘယ်ဗျူးဆေးရုံဆီ ပို့ဆောင်ခဲ့ရပါတယ်။
1 year Ago

January 7, 2020

အဓမ္မပြုကျင့်မှုဖြင့် ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်သူဟောင်း ဝိန်းစတိန်းကို စစ်ဆေး

ဇန်နဝါရီ ၆ ရက်က နယူးယောက်မြို့ မန်ဟက်တန် တရားရုံးမှာ အဓမ္မပြုကျင့်မှုနဲ့  ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူဟောင်း ဟာဗေးဝိန်းစတိန်းကို စပြီး ရုံးတင်စစ်ဆေးခဲ့ပါတယ်။    ရုံးတင်စစ်ဆေးရာမှာ ရိုဇန်နာအားကတ် အပါအဝင် တရားစွဲဆိုခဲ့တဲ့ နာမည်ကျော်တွေလည်း လာရောက်ခဲ့ပါတယ်။    အားကတ်ဟာ ဝိန်းစတိန်းကို စွဲဆိုတဲ့ လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်တွေ ပေါ်ပေါက်ချိန်မှာ    #MeToo လှုပ်ရှားမှုကို ကူညီအားဖြည့်ပေးခဲ့သူ ဖြစ်ပါတယ်။  တချိန်တခါက ဟောလိဝုဒ်ရဲ့ သြဇာအကြီးမားဆုံး ပုဂ္ဂိုလ်တဦးဖြစ်တဲ့ အသက် ၆၇ နှစ်အရွယ် ဝိန်းစတိန်းက အမျိုးသမီးနှစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားတယ်ဆိုတဲ့ စွဲချက်တွေမှာ အပြစ်မရှိဘူးဆိုပြီး လျှောက်လဲထားပါတယ်။  တရားစွဲခံထားရတဲ့ ဝိန်းစတိန်းက လိင်ဆက်ဆံမှု မှန်သမျှဟာ နှစ်ဦးသဘောတူ ဖြစ်တယ်လို့ ပြောပြီး စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။  တရားရုံး ကြားနာမှု အပြီးမှာတော့ ဝိန်းစတိန်းဟာ လမ်းလျှောက်အထိန်းနဲ့ တရားရုံးကနေ ထွက်ခွာသွားခဲ့ပါတယ်။ တကယ်လို့ ဝိန်းစတိန်းသာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် တသက်တကျွန်း ကျခံရနိုင်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
1 year Ago
Up