ဝါရှင်တန် စစ်စခန်း

August 15, 2021

ဝါရှင်တန် စစ်စခန်းအနီး သွားလာမှုကန့်သတ်ချက် ပြန်ရုပ်သိမ်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်အရှေ့တောင်ဘက်က ပူးတွဲစစ်စခန်း အနာကို့စ်ရှာဘိုးလင်းမှာ လက်နက်ကိုင် တကိုယ်တော် တိုက်ခိုက်မှု ဖြစ်နိုင်ခြေရှိတာကြောင့် ချမှတ်ခဲ့တဲ့  အသွားအလာပိတ်ဆို့ ကန့်သတ်ချက်တွေကို ပြန်ပယ်ဖျက်လိုက်ပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

လက်နက်ကိုင်တဲ့သူကိုမြင်ရင် ဘယ်သူမဆိုပြေးဖို့ ဒါမှမဟုတ် ပုန်းနေဖို့ တိုက်တွန်းချက်ကို စစ်စခန်းက သူ့ရဲ့ ဖေ့စ်ဘွတ်အင်တာနက်စာမျက်နှာပေါ်မှာ ဩဂုတ်လ ၁၃ ရက်က တင်ခဲ့တာ ဖြစ်ပါတယ်။

 “တံခါးကို ပိတ်ပြီးရင် အရန်အတားတွေ ထပ်ချထားပါ။ မီးတွေနဲ့ လက်ကိုင်ဖုန်းက အသံကို ပိတ်ထားပြီး တိတ်တိတ်ဆိတ်ဆိတ်နေပါ။ တကယ်လို့ ပုန်းနေရင်လည်း ပြန်တိုက်ခိုက်ဖို့ အသင့်ပြင်ဆင်ထားပါ” လို့ စစ်စခန်းက ဆိုပါတယ်။

ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေးအေဂျင်စီဌာနချုပ်တည်ရှိတဲ့ ဒီစစ်စခန်းဟာ နောက်ပိုင်းမှာ လက်နက်ကိုင် တစ်ယောက်ကို ထိန်းသိမ်းခဲ့ကာ ဒေသခံရဲဌာနဆီ လွှဲအပ်ခဲ့ပြီး နောက် မွန်းလွဲပိုင်းမှာ အသွားအလာ ပိတ်ဆို့ကန့်သတ်ချက်ကို အဆုံးသတ်ခဲ့ပါတယ်။

4 months Ago
Up