ဝါရှင်တန်မြို့

A d v e r t i s e m e n t With Us

April 20, 2020

ဝါရှင်တန်မြို့၌ အပြင်မထွက်ရအမိန့်ကို လူ ၂၀၀၀ ကျော် ဆန္ဒပြ

ကိုရိုဗိုင်းရပ်စ်ပြန့်ပွားမှု ထိန်းချုပ်ဖို့အတွက် နေအိမ်ထဲမှာနေဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်ထားတာကို မကျေနပ်လို့ အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်မှာ၊ ဧပြီ ၁၉ က လူနှစ်ထောင်ကျော် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ လူအယောက် ငါးဆယ်ထက် ပိုမစုဖို့ ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ တားမြစ်ပိတ်ပင်ချက်ကို အာခံခဲ့တာပါ။ ဆန္ဒပြပွဲစီစဉ်သူတွေက မျက်နှာဖုံးတွေ ဝတ်ကြဖို့ နှိုးဆော်ခဲ့ပေမဲ့ လူတော်တော်များများက မျက်နှာဖုံးမဝတ်ဘဲ ပါဝင်ခဲ့တယ် ဆိုပါတယ်။  ရဲတပ်ဖွဲ့ ခန့်မှန်းချက်အရ ဆန္ဒပြသူဦးရေ နှစ်ထောင့်ငါးရာလောက်ရှိမယ်လို့ သိရပြီး ဒါဟာ အမေရိကန်ပြည်ထောင်စုမှာ ဒီတပတ်အတွင်း အကြီးဆုံးဆန္ဒပြပွဲလည်း ဖြစ်ခဲ့တယ်လို့ ရိုက်တာသတင်းက ရေးသားထားပါတယ်။  ဆန္ဒပြသူတွေက ကပီတောလ် အဆောက်အဦဆီ ကားတွေ မောင်းသွားခဲ့ကြပြီး ဟွန်းတွေ တီးခဲ့ကြတာကြောင့် လမ်းတွေလည်း ပိတ်ဆို့ကုန်ပါတယ််။ လူချင်းခွာနေဖို့ စည်းမျဉ်းတွေကနေ လွတ်မြောက်ခွင့်ပေးဖို့ တောင်းဆိုနေတဲ့ အလားတူ ဆန္ဒပြပွဲတွေကို မိချီဂံ၊ မင်နီဆိုးတားနဲ့ ဗာဂျီးနီးယား ပြည်နယ်တွေမှာ ဖြစ်ပွားခဲ့ပါသေးတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က အလားတူ ဆန္ဒပြပွဲတွေကို ထောက်ခံရာရောက်တဲ့ စာတွေကို တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ဧပြီ ၁၇ ရက်က ရေးသားခဲ့ပါတယ်။
10 months Ago
Up