ဝါရှင်တန်

A d v e r t i s e m e n t With Us

June 20, 2020

ဝါရှင်တန်ရှိ ဆန္ဒပြသူများ ဗိုလ်ချုပ်ကြီး အဲလ်ဘတ်ပိုက်၏ ရုပ်တုကို မီးရှို့

အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီက ဇွန်လ ၁၉ ရက် ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေဟာ အမေရိကန်ပြည်တွင်း စစ်ကာလက Confederate တပ်ရဲ့ ဗိုလ်ချုပ်ကြီး အဲလ်ဘတ်ပိုက် ရုပ်တုကို မီးတင်ရှို့ ဆန္ဒပြခဲ့ကြပါတယ်။  ဒေသခံမီဒီယာတွေ အဆိုအရ ဆန္ဒပြ လူအုပ်စုတစုဟာ ဝါရှင်တန်ရဲ ဌာချုပ်တွေနား စုရုံးခဲ့ပြီး ရုပ်တုကို ကြိုးနှစ်ချောင်းနဲ့ ချိတ်ဆွဲရင်း လှဲချခဲ့ပြီးနောက် လောင်စာတွေသုံး မီးတင်ရှို့ခဲ့တာပါ။  သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒီကိစ္စကိုစိတ်ပျက်ကြောင်း သူ့ရဲ့ တွစ်တာအကောင့် မှာရေးခဲ့ပြီး ဝါရှင်တန်မြို့တော်ဝန်ကို အဲဒီလူတွေကို ဖမ်းဖို့ တောင်းဆိုထားပါတယ်။  ဒေါ်နယ်ထရမ့်ဟာ်နောက်ထပ်သမ္မတ သက်တမ်း တကြိမ်အတွက် မဲဆွယ်စည်းရုံးမှုကို တူလ်ဆာမြို့မှာ ဇွန်လ ၂၀ က လုပ်ဖို့ရှိနေပါတယ်။  ဇွန်လ ၁၉ ရက်ဟာ အမေရိကန်နိုင်ငံမှာ သမ္မတ အေဘရာဟမ်လင်းကွန်းက ၁၈၆၃ ခုနှစ် အမိန့်နဲ့ ကျွန်စနစ်ကို ဖျက်သိမ်းကြောင်း ကြေညာတဲ့နေ့ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
8 months Ago

May 1, 2020

ဝါရှင်တန်ရှိ ကျူဘားသံရုံးတွင် ပစ်ခတ်မှုဖြစ်

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့က ကျူဘားသံရုံးမှာ ဧပြီ ၃၀ ရက် မနက်ပိုင်းက  သေနတ်ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် သံသယရှိသူတဦးကို အမေရိကန်အရာရှိတွေက ဖမ်းဆီးခဲ့ပါတယ်။   သေနတ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ မရှိဘူးလို့ ထောက်လှမ်းရေးအဖွဲ့က ပြောဆိုပါတယ်။   လူသတ်ရန် ကြံရွယ်ချက်နဲ့တိုက်ခိုက်တာဖြစ်ပြီး လိုင်စင်မဲ့သေနတ်၊ ကျည်ဆန် လက်ဝယ်ပိုင်ဆိုင်ထားတဲ့ လူတယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ထောက်လှမ်းရေးအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က  သတင်းထုတ်ပြန်ခဲ့ပါတယ်။  သေနတ်ပစ်ခတ်တဲ့အကြောင်းရင်းကို သဲသဲကွဲကွဲ မသိရသလို ဝါရှင်တန်ဒီစီရဲတပ်ဖွဲ့ကို  မေးကြားတဲ့အပေါ်မှာလည်း ချက်ချင်း မဖြေကြားခဲ့ပါဘူး။  ကျူဘားသံရုံး သေနတ်ပစ်ခံရတာကို ပြင်းပြင်းထန်ထန်ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို  ဟာဗားနားမှာရှိတဲ့ အမေရိကန် သံရုံးရှေ့မှာ လုပ်သွားမယ်လို့ ကျူဘားနိုင်ငံခြားရေးဝန်ကြီး နိုင်ငံပိုင်ရုပ်သံကနေ  ပြောကြားပါတယ်။ 
10 months Ago
More News
Up