ဝါယာရှော့‌

October 23, 2020

မန္တလေးတွင် မြေတူးစက်မော်တာ ဝါယာရှော့‌ဖြစ်ပြီး လူ ၁ ဦး ဓာတ်လိုက်သေဆုံး

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ အောက်တိုဘာ ၂၂ ရက်က အမျိုးသားတစ်ဦး မြေတူးနေစဉ် မြေတူးစက်မော်တာကနေ ဝါယာရှော့ဖြစ်ကာ ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့ထံက သိရပါတယ်။ ပုလဲငွေရောင်ရပ်ကွက်၊ လမ်း ၈၀ နဲ့ ၈၁ လမ်းကြား ၊၂၁ လမ်းမှာ  တိုက်သစ်ပြန်ဆောက်ဖို့ အတွက် မြေကျင်းတူးနေစဉ် မြေတူးစက်မော်တာ ဝါယာရှော့ဖြစ်ကာ အသက်(၃၂) နှစ်အရွယ် ကိုမင်းသက်ခိုင်(ခ)မင်းမင်းဟာ ပေါင်နှစ်ဖက်မှာ အပူလောင်ဒဏ်ရာတွေနဲ့ အဆိုပါနေရာမှာပဲ လဲကျသေဆုံးခဲ့တာလို့ သိရပါတယ်။ သေဆုံးသူရဲ့ အလောင်းကို မန္တလေး အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။ အခုလို သေဆုံးမှုနဲ့ ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ်စစ်ဆေးနိုင်ဖို့ အမှတ် (၅) မြို့မရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ် ၈/၂၀၂၀ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။ သတင်း- ထိန်ထိန်လင်း
1 year Ago
Up