ဝါယန်ကောလိပ်

A d v e r t i s e m e n t With Us

December 11, 2019

အိမ်လုပ်ဗုံးနှစ်လုံး ဖြုတ်သိမ်းအပြီး ဟောင်ကောင် ဝါယန်ကောလိပ် ပြန်ဖွင့်လှစ်

ဟောင်ကောင်ကျွန်း ဝါယန်ကောလိပ်က ပုဂ္ဂလိက ယောက်ျားလေး ကျောင်းတကျောင်းရဲ့ အဆောက်အဦထဲမှာ အိမ်လုပ်ဗုံး ၂ လုံး တွေ့လို့ ဖြုတ်သိမ်းအပြီး ဒီဇင်ဘာ ၁၀ ရက်မှာ ကျောင်းကို ပြန်ဖွင့်လိုက်ပါတယ်။ ဒီကိစ္စမှာ ကျောင်းသားတွေရော ဝန်ထမ်းတွေပါ ပတ်သက်နေတဲ့ သက်သေ မတွေ့ရဘူး။ ဗုံးတွေ့ချိန် မနက်ပိုင်းမှာ စာမေးပွဲစစ်နေတယ်လို့ ကျောင်းက ပြောပါတယ်။ ဝမ်ချိုင်းရပ်ကွက်ထဲက ကျောင်းအဆောက်အဦအောက်မှာ ဒီဇင်ဘာ ၉ ရက်နေ့က တွေ့ခဲ့တဲ့ အိမ်လုပ်ဗုံး ၂ လုံးမှာ အားပြင်းဖောက်ခွဲရေးပစ္စည်းတွေ၊ သံချောင်းတွေနဲ့ အဝေးထိန်းပစ္စည်းတွေ ၁၀ ကီလိုဂရမ်လောက် ပါပြီး ဟောင်ကောင်ရဲတွေက အောင်အောင်မြင်မြင် ဖြုတ်သိမ်းနိုင်ခဲ့ပါတယ်။  “ဗုံးတွေကို အင်္ဂါရပ် အပြည့်အစုံ တပ်ဆင်ထားတယ်။ တကယ်လို့ ပေါက်ကွဲခဲ့ရင် လူအသေအပျောက် အတော်များများ ဖြစ်နိုင်တယ်လို့”လည်း ရိုက်တာ သတင်းဌာနက ပြောပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်အစောပိုင်းမှာတော့ မောင်းကွတ်ခရိုင်ထဲက မြေအောက်ရထားဘူတာ ဝင်ပေါက်မှာ မီးလောင်လို့ ငြှိမ်းသတ်ခဲ့ရပါသေးတယ်။ ဝမ်ချိုင်းနဲ့ မောင်းကွတ်နယ်မြေတွေဟာ ဟောင်ကောင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အတက်ကြွဆုံး ချီတက်ခဲ့တဲ့ နေရာတွေလည်း ဖြစ်ပါတယ်။
1 year Ago
Up