ဝါဒါဘရီမင်

April 21, 2019

ဘိုင်ယန်မြူးနစ်က ဝါဒါဘရီမင်ကို ၁ ဂိုးဂိုးမရှိဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က ၀ါဒါဘရီမင်ကို ၁ ဂိုးတည်းနဲ့ကပ်ပြီး အနိုင်ရသွားပါတယ်။ ဒီပွဲမှာ ဘိုင်ယန်က တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ဂိုးပေါက် ခြိမ်းခြောက်မှု ၇ ကြိမ်အထိ လုပ်ခဲ့ပေမယ့် ဂိုးသွင်း မသေချာလို့ ဂိုးပြတ်အနိုင်မရတာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ၅၈ မိနစ်မှာလောက် ၀ါဒါဘရီမင်း ကစားသမား ဖျက်တာကြမ်းလို့ နှစ်ဝါ တနီနဲ့ အထုတ်ခံလိုက်ရပါတယ်။ ဘိုင်ယန်အတွက် တလုံးတည်သော အနိုင်ဂိုးကို ၇၅ မိနစ်လောက်မှာ ဆူလေက အဝေးကစ် ကန်ချက်ကနေ သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ ဘိုင်ယန်မြူးနစ်က အမှတ်ပေးဇယားမှာ ရမှတ် ၇၀ နဲ့ ဦးဆောင်နေပြီး ဒုတိယနေရာက တပွဲလျော့ ဒေါ့မွန်ကို ၄ မှတ် ဖြတ်ထားပါတယ်။
3 years Ago

April 8, 2019

မိုချန်ဂလာဘတ်နှင့် ဝါဒါဘရီမင် ၁ ဂိုးစီ သရေကျ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန် ဘွန်ဒက်စ်လီဂါပွဲစဉ်မှာတော့ မိုချန်ဂလာဘတ်နဲ့ ဝါဒါဘရီမင်တို့ တဂိုးစီ သရေကျသွားပါတယ်။ မိုချန်ဂလာဘတ်အတွက် ဦးဆောင်ဂိုးကို တဖက်ကွင်းလယ်ရဲ့ အမှားကနေ ၄၉ မိနစ်လောက်မှာ သွင်းယူပါတယ်။ ဝါဒါဘရီမင်အတွက် ချေပဂိုးကို ၇၉ မိနစ်မှာ ကလပ်ဆန်က လှလှပပပဲ ခေါင်းတိုက်သွင်းယူပါတယ်။ ဒီပွဲမှာ ဝါဒါဘရီမင်က ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပိုလုပ်နိုင်ခဲ့ပါတယ်။ ဒီပွဲသရေကျလို့ မိုချန်ဂလာဘတ်က ၄၈ မှတ်နဲ့ အဆင့် ၅၊ ဝါဒါဘရီမင်က ၄၃ မှတ်နဲ့ အဆင့် ၈ မှာ အသီးသီး ရပ်တည်နေပါတယ်။
3 years Ago
Up