ဝါဒဖြန့်စာစောင်

A d v e r t i s e m e n t With Us

June 16, 2020

ဝါဒဖြန့်စာစောင်များ ပြည်တွင်းသို့ပို့ရန် ကြိုးပမ်းပါက မြောက်ကိုရီးယားစစ်တပ်က အရေးယူမည်

မြောက်ကိုရီးယား ပြည်ပြေးအုပ်စုတွေအနေနဲ့ နိုင်ငံထဲကို ဝါဒဖြန့်စာစောင်တွေ ပေးပို့ဖို့  ကြိုးပမ်းမယ်ဆိုရင်  မြောက်ကိုရီးယား စစ်တပ်က အရေးယူ ဆောင်ရွက်ဖို့ အသင့်ပဲလို့  နိုင်ငံပိုင်  KCNA သတင်းဌာနက ဇွန် ၁၆ ရက်မှာ ကြေညာပါတယ်။ စစ်မဲ့ဇုန် သတ်မှတ်ထားတဲ့နေရာတွေကို ပြန်ဝင်ရောက်ပြီး ရှေ့တန်းကို ခံတပ်အဖြစ် ပြောင်းလဲမယ့် အစီအမံတွေကို ကိုရီးယားပြည်သူ့တပ်မတော်က လေ့လာနေတယ်လို့ မြောက်ကိုရီးယား စစ်ဦးစီးအရာရှိက ပြောပါတယ်။ မြောက်ကိုရီးယား ပြည်ပြေးအုပ်စု အများအပြားဟာ  အစားအစာတွေ၊ အမေရိကန် ၁ ဒေါ်လာ ငွေစက္ကူတွေ၊ အသေးစား ရေဒီယိုတွေ၊ တောင်ကိုရီးယား ဒရမ်မာနဲ့ သတင်းတွေ ပါဝင်တဲ့ USB စတစ်တွေနဲ့အတူ လက်ကမ်းစာစောင်တွေကို မြောက်ကိုရီးယားဆီ ပုံမှန်ပေးပို့နေပါတယ်။ သူတို့ဟာ အဲဒီလက်ကမ်းစာစောတွေကို အများအားဖြင့် အစောင့်အကြပ်ထူတဲ့ နယ်စပ်တွေကနေ မိုးပျံပူဖောင်းနဲ့ လွှတ်တင်တာ တစ်မျိုး၊ ပုလင်းတွေထဲ ထည့်ပြီး မြစ်ရေနဲ့ မျှောပို့တာတဖုံ လုပ်ကြပါတယ်။   အဲဒီလက်ကမ်းစာစောင်တွေမှာ လူ့အခွင့်အရေးချိုးဖောက်တာ အပါအဝင် မြောက်ကိုရီးယား ခေါင်းဆောင်ကို ဝေဖန်တဲ့ သတင်းစကားတွေ ပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
8 months Ago
Up