ဝါဆော

June 20, 2021

ဝါဆောတွင် လိင်ခွဲခြားမှုပပျောက်ရေး လူထောင်ချီဆန္ဒပြ

ပိုလန်နိုင်ငံရဲ့မြို့တော် ဝါဆောရဲ့ မြို့လယ်မှာ ထောင်ချီတဲ့လူတွေ ဇွန် ၁၉ ရက်က ချီတက်ခဲ့ကြပါတယ်။

 ကျားမ လိင်စံလွဲသူတွေရဲ့ လူ့အဖွဲ့အစည်းကို ခွဲခြားဖိနှိပ်မှု အဆုံးသတ်ရေး တောင်းဆိုတဲ့ တန်းတူညီမျှရေး အင်အားပြ အခမ်းအနားမှာ ချီတက်ခဲ့ကြပါတယ်။

လတ်တလော နှစ်တွေအတွင်း ပိုလန်နိုင်ငံထဲမှာ ကျားမ လိင်စံလွဲသူတွေကို မုန်းတီးမှု တိုးလာနေတယ်လို့ စည်းရုံးလှုံ့ဆော်သူတွေက ပြောပါတယ်။

ကက်သလစ်ဘာသာဝင်တွေ ကြီးစိုးတဲ့ ပိုလန်နိုင်ငံအတွင်း လစ်ဘရယ်ဝါဒီတွေနဲ့ ဘာသာရေး ရှေးရိုးစွဲ ဝါဒီတွေကြား ပိုကျယ်ပြန့်တဲ့ ရုန်းကန်မှုအတွင်း ကျားမ လိင်စံလွဲသူတွေရဲ့ အခွင့်အရေးဟာ ဗဟိုချက် ဖြစ်လာခဲ့တာပါ။

နိုင်ငံရေးသမားတွေနဲ့ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ပိုလန်နိုင်ငံအတွင်း ကျားမ လိင်စံလွဲသူတွေကို မုန်းတီးအောင် မီးထိုးပေးနေတယ်လို့ စွပ်စွဲ ခံထားရပါတယ်။

 ဝါဆောချီတက်ပွဲဟာ ဒေသတွင်း အကြီးဆုံးလည်းဖြစ်သလို ဟန်ဂေရီနိုင်ငံက ကျားမ လိင်စံလွဲသူ လူ့အဖွဲ့အစည်းနဲ့ သွေးစည်းကြောင်းပြတဲ့ အမူအရာလို့လည်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

7 months Ago
Up