"ဝ"အထူး​ဒေသတွင်

January 14, 2018

"ဝ"အထူး​ဒေသတွင် က​လေး ၉၉၃ ဦး ဂျပန်​ဦး​နှောက်​​ရောင်​​ရောဂါ ကာကွယ်​​ဆေးထိုး

"ဝ"အထူး​ဒေသ (၂)၊ ခိုင်းလုံမြို့နယ်​မှာ က​လေး ၉၉၃ ဦး ဂျပန်​ဦး​နှောက်​​ရောင်​​ရောဂါ ကာကွယ်​​ဆေး ထိုးပေးခဲ့တယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသက်ခိုင်းမင်းက ပြောပါတယ်။ “စစ်​​ဒေသ (၁၇၁)က တာဝန်​ရှိသူ​တွေကို ပြီးခဲ့တဲ့လကတည်းက ဆက်​သွယ်​​နေတာ ရာသီဥတုအ​ခြေအ​နေအရ စုရပ်​​တွေစီစဉ်​ဖို့ အခက်​အခဲ​တွေ​ကြောင့် ဇန်​နဝါရီ ၁၁ ရက်​​နေ့က သွားဖြစ်​တာပါ။ အ​တော်​​ဝေးလံ​ခေါင်​ဖျားပြီး မီးမရှိ၊ ရေခက်​ခဲပြီး တရွာနဲ့ တ​ရွာလည်း​ဝေးလို့ စုစည်းရခက်​ခဲပါတယ်​။ အရမ်းလည်း ဆင်းရဲကြပြီး ကျန်းမာ​ရေး အသိလုံးဝမရှိတဲ့ ​ဒေသတ​ခု ဖြစ်​ပါတယ်​။ ဂျပန်​ဦး​နှောက်​​ရောင်​ ကာကွယ်​​ဆေးအပြင်​ အခြားငှက်​ဖျား၊ ​သွေးလွန်​တုပ်​​ကွေး၊ ဝမ်းပျက်​ဝမ်း​လျော​ရောဂါ​တွေပါ စစ်​​ဆေးကုသ​ပေးနိုင်​ခဲ့ပါတယ်​။” "ဝ" အထူး​ဒေသ (၂) ​တောင်​ပိုင်းစစ်​​ဒေသ (၁၇၁) နယ်​​မြေ ခိုင်းလုံမြို့နယ်​မှာ မိုင်းတုံမြို့​မှ မိုင် ၁၂၀ ​ကျော်​ကွာ​ဝေးပြီး လမ်းပန်းဆက်​သွယ်​မှုခက်​ခဲတဲ့​ ဒေသတစ်​ခုဖြစ်​ပါတယ်​။ နိုင်​ငံ​ရေး၊ လုံခြုံ​ရေးအ​ခြေအ​နေအရလည်း ညှိနှိုင်းသွားလာရတဲ့ ​တောင်​​ပေါ်​ဒေသဖြစ်​ပြီး "ဝ"တပ်​ဖွဲ့ဝင်​မိသားစု​တွေစုစည်းထားတဲ့ ​ဒေသတခုဖြစ်​တာ​ကြောင့် ကန့်​သတ်​ချက်​​တွေလည်း ရှိ​နေပါတယ်​။ ဟွေ​အော​ကျေးလက် ​ကျန်းမာ​ရေးဌာနခွဲမှ ဆရာမ​ဒေါ်နာလယ်​က "သူတို့က စုရပ်​ရွာ ၄ ရွာဖြစ်​တဲ့ ၇၂၆ ရွာ ပုံမိုင်​ရွာ၊ေ​နာင်​ပါလျန်းရွာ၊ နမ့်​ကပ်​တာလျန်​ရွာ​တွေမှာ စုစည်း​ပေးထား တာ​ကြောင့် ၂ ရက်​တည်းနဲ့​ အသက်​ (၉) လမှ ၁၅ နှစ်​အကြားက​လေး ၉၉၃ ​ယောက်​ကို ကာကွယ်​​ဆေးထိုးနှံ​ပေးနိုင်​ခဲ့ပြီး လက်​ရှိဖျားနာ​နေသူ နှာ​စေး ​ချေင်းဆိုးဖြစ်​​နေသူ အနည်းငယ်​ပဲကျန်​ရှိပါတယ်​" လို့​ ​ပြောပါတယ်။ ​အောင်​​ဇေယျ (မိုင်းတုံ)
3 years Ago
Up