“ဝ”အထူးဒေသ

February 10, 2021

“ဝ”အထူးဒေသ ဟိုပန်မြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီး

စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ မြို့နယ်ဥက္ကဋ္ဌ ဦးဆိုင်ခွက်နဲ့ အတွင်းရေးမှူး ဦးအောင်ကိုဝင်းတို့ကို  ဖေဖော်ဝါရီ ၉ ရက် ည ၈ နာရီခွဲ လောက်မှာ ရဲတပ်ဖွဲ့က နေအိမ်ကို လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက်ထိတော့ ဖမ်းဆီးခံရသူတွေနဲ့ အဆက်အသွယ်မရသေးဘူးလို့ ဟိုပန်မြို့သားတစ်ဦးက ပြောပါတယ်။

ဟိုပန်မြို့မှာရှိတဲ့ အန်အယ်လ်ဒီပါတီဝင်တွေရဲ့ လှုပ်ရှားမှုကို သက်ဆိုင်ရာက စောင့်ကြည့်နေတာတွေရှိနေတာကြောင့် ပါတီဝင်တချို့ တိမ်းရှောင်နေရတာတွေလည်းရှိပါတယ်။

လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဦးဆိုင်ခွက်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ ပါတီရဲ့ ဟိုပန်မြို့နယ် အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဦးအောင်ကိုဝင်းကတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။

10 months Ago
Up