ဝရန်တာမှ ပြုတ်ကျလုဆဲဆဲ မိန်းကလေးငယ်ကို ခက်ခက်ခဲခဲ ကယ်တင်

February 24, 2017

ဝရန်တာမှ ပြုတ်ကျလုဆဲဆဲ မိန်းကလေးငယ်ကို ခက်ခက်ခဲခဲ ကယ်တင် (ရုပ်သံ)

ဖေဖော်ဝါရီ ၂၃ ရက်နေ့က တရုတ်နိုင်ငံ မိုင်ဂျူးမြို့ အထပ် ၄ ထပ်ရှိ ဝရန်တာကနေ  ပြုတ်ကျလုဆဲဆဲဖြစ်နေတဲ့ မိန်းကလေးငယ်တဦးကို အိမ်နီးချင်းနှစ်ဦးက ခက်ခက်ခဲခဲ ကယ်တင်နိုင်ခဲ့ပါတယ်။ မိခင်ဖြစ်သူ အလုပ်သွားချိန်မှာ အဲဒီကလေးငယ်ကို အိမ်မှာ သော့ခတ်ထားခဲ့တာ ဖြစ်ပါတယ်။ ကလေးငယ်ဟာ မနက် ၁၁ နာရီကျော်ကျော်လောက် ဝရန်တာမှာထွက်ဆော့ရင်း သံဇကာကွက်တွေကြားကနေ ပြုတ်ကျမလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းစွာပဲ ဦးခေါင်းက သံဇကာကွက်တွေကြား ညပ်နေပြီး ခြေထောက်တွေကတော့ လေထဲမှာ တန်းလန်းဖြစ်နေခဲ့တာပါ။ ကလေးငယ်ရဲ့အော်သံကြောင့် အိမ်နီးချင်းနှစ်ဦးရောက်လာပြီး ခက်ခက်ခဲခဲ ကယ်တင်ခဲ့တာကို ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။
4 years Ago
Up