ဝယ်ယူကိုင်ဆောင်ခွင့်

A d v e r t i s e m e n t With Us

December 21, 2019

နယူးဇီလန်တွင် သေနတ်ဝယ်ယူကိုင်ဆောင်ခွင့် အစီအစဉ် ပြန်လည်စတင်

နယူးဇီလန်နိုင်ငံမှာ ဆီမီးအော်တိုမက်တစ် သေနတ်ကိုင်ဆောင်ခွင့်ဟာ ဒီဇင်ဘာ ၂၀ ရက်က အဆုံးသတ်ခဲ့ပြီး ပြန်ဝယ်ယူရေး အစီအစဉ်အပေါ်  မေးခွန်းတွေ ပေါ်ထွက်နေပါတယ်။  ဒီနှစ်အစောပိုင်းမှာ ဝန်ကြီးချုပ် ဂျက်စီကာအာဒန်က ဆီမီးအော်တိုမက်တစ် သေနတ်ကိုင်ခွင့်ကို တားမြစ်တယ်လို့ ကြေညာပြီး သေနတ်ပြန်ဝယ်ရေး အစီအစဉ်ကို စတင်လိုက်ပါတယ်။   ရဲတပ်ဖွဲ့ဝန်ကြီးက လက်ရှိအချိန်အထိ တားမြစ်သေနတ် ၅၆,၀၀၀ ကျော်ကို သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။     တားမြစ်မိန့် မကြေညာခင်က  အသုံးပြုနေတဲ့ သေနတ် ၁၇၀,၀၀၀   ဝန်းကျင်ရှိ တယ်လို့ လိုင်စင်ရ သေနတ်ပိုင်ရှင်များကောင်စီက  ခန့်မှန်းပါတယ်။  နယူးဇီလန်ရဲတပ်ဖွဲ့က တားမြစ်သေနတ်တွေရဲ့ သုံးပုံတပုံလောက်သာ ရဲတပ်ဖွဲ့ကို အပ်နှံထားတယ်လို့ ပြောပါတယ်။    ဆန္ဒအလျောက် သေနတ်လာရောက် အပ်နှံသူတွေ ဆက်ရှိနေပေမယ့်  အတိုက်အခံ ခေါင်းဆောင်တွေနဲ့ သေနတ်ကိုင်ဆောင်ရေး လှုပ်ရှားသူတွေကတော့ အစိုးရရဲ့  သေနတ် တားမြစ်မိန့်ဟာ မအောင်မြင်ဘူးလို့ ပြောနေကြပါတယ်။   ပြီးခဲ့တဲ့ မတ်လတုန်းက ခရိုက်ချက်မြို့ ဗလီနှစ်ခုမှာ ဆီမီးအော်တိုမက်တစ်သေနတ် ကိုင်ဆောင်သူ သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် လူ ၅၁ ယောက် သေဆုံးခဲ့ပါတယ်။
1 year Ago
Up