ဝယ်ယူရန် ကမ်းလှမ်း

December 21, 2016

မြန်မာ့ဆန်ကို ကင်ညာနိုင်ငံကဝယ်ယူရန် ကမ်းလှမ်း

မြန်မာနိုင်ငံကထွက်တဲ့ ဆန်တွေကို  အာဖရိကတိုက်ရှိ ကင်ညာနိုင်ငံက ရသလောက်ဝယ်ယူဖို့ ကမ်းလှမ်းလာတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စုံစမ်းသိရပါတယ်။ လက်ရှိမှာတော့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေဖြစ်တဲ့ သင်္ဘောတင်မယ့်ကိစ္စတွေ အပါအဝင် နှစ်ဖက်အဆင်ပြေတဲ့ဈေးနှုန်း ဖြစ်အောင်လည်း ညှိနှိုင်းနေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အောက်တိုဘာ ၁၄ ရက်အထိ နိုင်ငံပေါင်း ၃၃ နိုင်ငံကို မြန်မာ့ဆန်တင်ပို့မှုကနေ ဒေါ်လာ ၁၄၅ သန်းကျော်ရရှိခဲ့ပြီး ပြည်ပတင်ပို့မှုတွေရဲ့ ၈၅ ရာခိုင်နှုန်းကျော်က တရုတ်နိုင်ငံကို တင်ပို့ထားတာ ဖြစ်ပါတယ်။
5 years Ago
Up